နိုင်ငံတိုင်း၊လူမျိုးတိုင်းမှာယုံကြည်မှုနှင့် ရိုးရာဓလေ့ ထုံးတမ်းအစဉ်လာတွေ အမျိုးမျိုးရှိကြပါတယ်။ ကွမ်း စားခြင်းဓလေ့ဟာလည်း ကရင်လူမျိုးများ အတွက် သာမကတခြားမွန်၊မြန် မာ၊ ရခိုင်၊ရှမ်းတိုင်းရင်းသား တို့ရဲ့ ရှေးပဝေသဏီကတည်းက တည်ရှိလာတဲ့ ရိုးရာ ယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်။ ဧည့်သည်တွေ လာ ယင် ကွမ်း လက်ဖက်ရည်တွေတည်ပြီး ဧည့်ခံ တာဟာ ရိုးရာယဉ်ကျေးမှုတစ်ခုလို ဖြစ်နေပါတယ်။ အရင်က အိမ်ထဲမှာ ဧည့်သည်လာယင်ကွမ်း အစ် ထုတ်ပြီးဧည့်ခံတဲ့ဓလေ့ဟာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီး။ မြီု့ကြီး ပြကြီးတွေမှာသာမက ကျေးလက်တောရွာတွေမှာပါ တိမ်ကောသွားပြီး ဆိုင်မှာရောင်းတဲ့ကွမ်းယာ တွေကိုသာ ဝယ်စားတဲ့ထုံးစံတွေ ပိုများလာတာကိုတွေ့ရပါတယ်။အရင်ကသက်ကြီး များသာစားတဲ့ကွမ်းဟာ အခုအချိန် မှာလူငယ် တွေအကြားမှာ စားသုံးမှုပိုမိုများပြားလာနေတာကို တွေ့ရပါတယ်။ ကွမ်းစားတဲ့ဓလေ့ဟာ တိုင်းရင်းသားလူ မျိုးတွေကြား မှာ ယဉ်ကျေးမှုအသွင်ကနေ အပျော်တမ်းစားသုံးတဲ့ပုံစံ အသွင်ပြောင်းလဲလာနေခဲ့ ပါတယ်။
မြူခိုးတွေထူထပ်နေတဲ့ ဒီဇင်ဘာလမနက်ခင်းနေမပွင့်တပွင့်အချိန်မှာ ပတ်ဝန်းကျင်မှာလည်း နှင်းတွေတဖွဲဖွဲကျနေဆဲ။ ဝါးအိမ်နဲ့တည်ဆောက်ထားတဲ့အိမ်ကလေးတစ်လုံးအရှေ့မှာ ကရင်ရိုးရာဝတ်စုံဝတ်ထားပြီး မီးလှုံရင်းစောင်ခြုံထားတဲ့ အဘွားတစ်ယောက်ကိုမြင်တွေ့ရပါတယ်။ သေချာကြည့်လိုက်တော့ ကွမ်းပါ ဝါးစားနေတာကိုတွေ့ရပါတယ်။ ပါးစပ်ပြင် မှာကွမ်းအရည်တွေ နီနီရဲရဲစီးယိုလာတာကိုတွေ့ရပါတယ်။ လက်ထဲမှာလည်း ကွမ်းထောင်းဆုံကြပ်ကြပ်ကိုင်ထားပါသေး တယ်။နေရာကတော့ထိုင်း- မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နယ် တိုက်ပွဲမကြာခဏဖြစ်ပွားတဲ့နေရာ မယ်စလီကျေးရွာ ကလေးမှာ ဖြစ်ပါတယ်။ ဘွားဘွား နော်မုမုက အသက်၆၅ နှစ်ရှိပြီးဖြစ်ပါသည်။ အဘွား အသက်(၂ဝ)နှစ်မှာ ကွမ်းစစား တယ်။ အသက်(၂၆)နှစ်မှာ ကျတော့ကွမ်း တကယ်စားလာတယ်။ သူငယ်ချင်းတွေလည်းစားတယ်။ တချို့သူငယ်ချင်း ဆိုရင် ဆေးလိပ်သောက်တယ်။ တစ်ချို့ကျတော့ လည်းဆေးတံသောက်ကြပါတယ်။ သားသမီးတွေက ၅ယောက်ရှိ တယ်။ သမီး(၄)ယောက် သား(၂)ယောက် ရှိတယ်။ သူတို့က အဘွားလိုကွမ်းသိပ်မစားကြဘူး။ မြေးလေးတွေကတော့ ကွမ်းတွေ လုံးဝမစားတော့ပါဘူး။ အဘွားကတော့ ကွမ်းအမြဲတမ်းဘဲ စားတယ်။ နေမကောင်းတာက လွဲပြီးပေါ့ နော်။
ဟိုတစ်ခါက အဘွားနေမကောင်းဖြစ်နေလို့ ဆေးရုံတက်ရတယ်။ ဆရာဝန်ကအဘွားကိုပြောတယ် ကွမ်းမစားရဘူး။ အဘွားကလည်းကွမ်းမစားရရင် မနေနိုင်ဖြစ်နေတယ်။ ရောဂါနည်းနည်းသက်သာသွားတော့ ကွမ်းခိုးပြီးပြန်စားတာ။အရ သာလည်း အရမ်းရှိတယ်။ နေမကောင်းတဲ့အချိန်မှာဆိုရင် စားမဝင် အိပ်မပျော် ကွမ်း(၂)ရက်ပြန်စားတော့ ရောဂါတစ် ဝက်ပျောက်သွား တယ်လို‹ခံစားရတယ်။ ကွမ်းအရသာက ဆန်လုံးကြော် စားသလိုဖြစ်တယ်။ ကွမ်းစွဲရင်ဆန်စားစွဲတဲ့လူ နဲ့တူတယ်။ ဒါပေမဲ့ အဘွားကွမ်းစားတာ တစ်ချို့လူတွေက တွေ့တော့ ရောဂါဖြစ်မယ်၊ ဘာရယ်ညာရယ်ပြောတဲ့လူလည်း ရှိတယ်။ အဘွားအခုထိဘာမှမဖြစ်ဘူး။ ဘာကြောင့်လဲ အဘွားကကွမ်းစားတာ သူများနဲ့မတူဘူး။ ကွမ်းစားတာမမြိုချစား ဘူး ငုံစားပြီးထွေးပစ်တာဘဲ။ လူတွေကပြောတာပေါ့ ရောဂါဖြစ်မှာကြောက်တယ်။ တစ်ချို့လူတွေကကွမ်းကို အကုန်လုံး စားတယ်။ အဘွား ကွမ်းစားတာ သူများတွေကပြောတယ် အန္တရာယ်များတယ်။ အဘွားကတော့ဘာရောဂါမှမဖြစ်ဘူး။ အခုနောက်ပိုင်းအဘွား တို့ရွာမှာ လူပျို အပျိုတွေကွမ်းသိပ်မစားကြဘူး။ သွားဝါမှာကြောက်လို့ပြောတယ်။
" ဟိုရှေးရှေးတုန်းက ရင့်ပုံပြင်မှာဆိုရင်ကရင်အဘိုးအိုတစ်ယောက်ရှိခဲ့ပါတယ်။ သူ့မှာသားသုံးယောက် ရှိခဲ့ပါတယ်။ သူ့ သားသမီးတွေက အိမ်ထောင်ကျပြီးတဲ့နောက်မှာ ကိုယ့်အိမ်ထောင်နဲ့ကိုယ်နေကြရှာပါတယ်။ အဘိုးအိုကသေခါနီးမှာ အ ဝေးမှာရှိတဲ့သားတွေကို မှာခေါ်လိုက်တယ်။ သားအကြီးနှစ်ယောက်ကသူ့ဆီကို အရင်ပြန်ရောက်လာတယ်။ အဘိုးကြီး ကရှိသမျှလယ်၊ ခြံ၊ ပစ္စည်းတွေကို သူ့သားအကြီးနှစ်ယောက်ကို အကုန်လုံးအမွေခွဲဝေပေးလိုက်ပါတယ်။ သူ့သားအငယ် ကနောက်ကျပြီး ပြန် ရောက်လာတော့ ဘာအမွေမှ မရခဲ့ရှာတော့ဘူး။ အဘိုးအိုကသားအငယ်ကိုအနား ခေါ်ပြီးသူ့သား ငယ်လေးကို တိုးတိုးပြော လိုက်တယ်။ သာငယ်ကနောက်ကျပြီးပြန်လာတော့ ဘာအမွေမှသားလေး ကိုအမွေပေးစရာ မရှိတော့ဘူး။ ဒါပေမဲ့သားငယ်ကို ကွမ်းတစ်ယာဘဲအမွှေပေးလိုက်မယ်။ နင့်အစ်ကိုကြီးတွေမေးရင် လည်းမပြောပြနဲ့။ အဲဒီကွမ်းတစ်ယာကို သားငယ်သုံးတတ်ရင် သားလေးတစ်သက်လုံးစားလို့ရမှာပါ။ သူ့သားငယ်လေး ကဟုတ်ကဲ့ပါအဖေ လို့ ခေါင်းညိတ်ပြီးသူ့အိမ်ကိုပြန်လာခဲ့ပါတယ်။ သားငယ်က သူ့အဖေပြောတဲ့စကား ခေါင်းထဲမှာအမြဲတမ်း မှတ်ထားပါ တော့တယ်။ သူ့မိသားစုဆီပြန်ရောက်လာတော့ သူ့အကိုကြီးကသူ့ကိုလာမေးတယ်။ ညီငယ်ရယ် အဖေကနင့်ကိုဘာအ မွေတွေများပေးခဲ့ပါသလဲ။ အဖေကပြောတယ် ဘယ်သူ့ကိုမှ မပြောပြရဘူး။ သူ့အစ်ကိုကြီးက အရမ်းသိချင်လို့ဖြစ်သွား တယ်။ ပြီးတော့သူ့ညီလေးကို တောင်းပန်ပြီးတော့ထပ်မေးတယ်။ အစ်ကိုနင့်ကိုလယ်တကွက် နဲ့၊ခြံတစ်ခြံပေးမယ်။ ပြော ပြပါညီလေးရယ်။ သူ့ညီလေးလည်းနားငြီးတော့ အဖေကသူ့ကိုကွမ်းတစ်ယာဘဲပေးခဲ့တယ် လို့ပြောခဲ့ပါတယ်။ ဒါနဲ့သူ့ အစ်ကိုကြီးကသူ့ကိုလယ်တစ်ကွက်နဲ့ ခြံတစ်ခြံပေးလိုက်ရပါတယ်။ ထို နည်းတူပါဘဲ နောက် ထပ်အစ်ကိုတစ်ယောက်က လည်း သူ့အစ်ကိုကြီးလိုဘဲ သူ့ကိုလာမေးပြန်တယ်။ နောက်ထပ်လယ်တစ် ကွက်နဲ့ ခြံတစ်ခြံ ထပ်ရသွားတယ်။ ကွမ်းတစ် ယာကြောင့်သားငယ်က အခြားမောင်နှမထက်အမွေရများသွားတယ်လို့ " အဘွားနော်မုမုက ကွမ်းနဲ့ပက်သက်တဲ့ပုံပြော ပြပါတယ်။
အရင်တုန်းကအဘွားတို့ရွာမှာဆိုရင် ဧည့်သည်လာ ရင်ကွမ်းအစ်ကြီးကြီးတည်ပြီး ဧည့်ခံတယ်။ အခုရွာ မှာကွမ်းသီးနည်းတော့ ကွမ်းသီးတွေဖွက်ထားပြီး စားရတယ်။ လမ်းမှာသွား ရင်လွယ်အိတ်ပေးမနှိုက် ဘူး။ကွမ်းကုန်သွားမှာ ကိုကြောက်လို့။ အခုအဘွား အသက်ကြီးလာတော့ သွားတွေလည်းမရှိ တော့ ဘူး။အခုဆိုရင် ကွမ်းထောင်းပြီးစားရပါတယ်။ တစ်ခါ တစ်လေပါးစပ်မှာ ကွမ်းတံထွေးအရည်ပေကျန်ခဲ့လို့ ခလေးတွေက အဘွားကိုရယ်ကြတယ်။ အဘွားက သွားမရှိတော့ တဲ့အခါကျတော့ ကွမ်း အရည်တွေပေ ကျန်ခဲ့မှန်းမသိလို့ အဘွားအရမ်းကိုရှက်မိပါတယ်။ ဒါပေမဲ့အဘွားကကွမ်းမစားရရင် တံတွေးထွေးပစ်လို့မရတော့တဲ့ အခြေအနေဖြစ်သွားပြီးလေ။ ဘယ်လိုမှဖြတ်လို့မရတော့ဘူး။ ဟိုတောင်ပေါ်ဒေသမှာဆိုယင် ကွမ်းရွက် တွေကိုကြာရှည် အောင်ထားနိုင်ဖို့က ကွမ်းကိုပေါင်းပြီးစားကြတယ်။ ဘိုးဘွားလက် ထက်ကတည်းက စားတာတွေ့ တော့စားတာဘဲ။ အဘွားကတော့ ကွမ်းစားတဲ့ထုံးစံကို ဆက်လက်ထိန်း သိမ်းနေတယ်လို့ ပြောရမှာပေါ့။
မော်လမြိုင်မြို့နေ အသက်(၄ဝ)ကျော် ကွမ်းကြိုက်သူ လူပျိုကြီးနိုင်ချမ်းမွန်ကလည်း ဒီလိုပြောပါသေးတယ်။ "ကျနော် ၁၉၉၇ခုနှစ်ကတည်းက ကွမ်းစစားလာခဲ့ပါတယ်။ ကျောင်းနေတုန်းကမစားဘူး။နောက်တော့ ကျနော်ကွမ်း စစားလာ တယ်။ ကျနော် တစ်ယောက်ထဲ စားတာမဟုတ် ဘူး။ သူငယ်ချင်းတွေလည်းစားတယ်။ အရသာလည်း ကောင်းပါတယ်။ ကွမ်းစားခြင်းနဲ့ပတ် သက်ပြီး ကောင်းကျိုးပေးတာကတော့ (၁)အချက်က သွားပိုးမစားဘူး။ (၂)အ ချက်ကပါးစပ်မနံဘူး။ (၃)အာရုံပျင်းဖို့အချိန် မရှိဘူး အကြောတွေအမြဲတမ်းလှုပ် ရှားတယ်။ စကားကြီးစကားကျယ် ပြောရရင်ကိုယ့်အမျိုးသား ယဉ်ကျေးမှု ထိန်းသိမ်းတာ လည်းဖြစ်ပါတယ်။ အမှန်တော့ကိုယ် ကြိုက်လို့ကိုယ်စားတာဘဲ။ ကွမ်းစားတာသိပ်တော့မ ဆန်းပါဘူး။
မြန်မာနိုင်ငံမှာ ကွမ်းစားတဲ့ဓလေ့ပျံ့နှံ့လာတယ်။ ကောင်းတဲ့ဘက်လဲရှိသလို ဆိုးတဲ့ဘက်လည်းရှိပါတယ်။ အခုဆိုင်ရင် ကလေးငယ်(၁၃) နှစ်အရွယ်ကစစားနေပြီး အမှန်တော့ကွမ်းစားတဲ့ ဓလေ့ထုံးစံဟာ တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးစံ ဖြစ်ပါတယ်။ အဘိုးအဘွားလက်ထက်ကဆိုရင် ဧည့်သည်လာရင် ကွမ်း၊လက်ဖက်တို့ အရှေ့ဆုံးဧည့်ခံကျွေးမွေးပါတယ်။ အရင်ကလူကြီး ဘဲစားတယ်။ ခလေးတွေမစားဘူး။ အခုဆိုရင် ခလေးတွေကျောင်းသားတွေပါစားလာတယ်။ အနေအ ထားကွာသွားပါတယ်။ ကောင်းတယ် ဆိုးတယ်ကတော့ အခြေအနေက ပြောသွားပါလိမ့်မယ်။ ကွမ်းယာထဲမှာ အဓိက ကတော့ ကွမ်းရွက်၊ ထုံး၊ ကွမ်း သီး၊ ဆေးရွက်ကြီး ၊အခြေခံပြီးစားကြပါတယ်။ တစ်ချို့လူတွေကျတော့ဆေး ပေါင်းတို့ ၉၂-၁ဝဝ singanal ထဲ့စားတာလည်း ရှိတယ်။ တစ်ချို့ကျတော့ နွယ်ချို၊ ဖာလာစေ့၊ အာမွှေးမှုန့်၊ ထည့်ပြီး တော့အရသာ ရှိအောင်ထည့်တာလည်းရှိတယ်။
ကွမ်းစားတာဆိုးတဲ့အချက်တစ်ခုကတော့ သွားနီလာတယ်၊ တချို့မဲနက်သွားတာလည်းရှိတယ်။ ကွမ်းထွေးတဲ့နေရာမှာ စည်းစနစ်မကျရင်ညစ်ပတ်စေတယ်။ ဆရာဝန်တွေပြောဆိုချက်အရ ပါးစပ်ကင်ဆာ ဖြစ်တတ်တယ်။ ကျွန်တော်တို့ဆရာ တော်ဆိုရင် သွားတောင်မရှိတော့ဘူး။ ကွမ်းထောင်းစားနေတုန်း ပါးစပ်ကင်ဆာဖြစ်တယ်လို့မကြားရပါဘူး။ အခုပြောင်း လဲသွားပြီး အရင်တုန်းကဧည့်သည်ရောက်လာရင် ကွမ်းအစ်တည်ဓလေ့ဟာအခု ရပ်ရွာထဲမှာပြောင်းလဲ သွားပြီးအိမ်ထဲ ကကွမ်းအစ်အစား အများအားဖြင့် ဈေးထဲကကွမ်းယာ ဆိုင်ဖြစ်သွားပြီး။ အခုခလေးတွေ၊လူကြီးတွေ ကွမ်းယာဆိုင်မှာ ဝယ်ယူစားသုံးနေကြတယ်။ ခေတ်အပြောင်းအလဲလို့ပြောရမှာပါ။
ဟိုတုန်းက မွန်ရာဇဝင်မှာဆိုရင် ဟံသာဝတီပြည်ရဲ့သူရဲကောင်းလကွန်းအိမ်ဟာ အင်းဝဘု ရင်လက်ထဲသုံ့ပန်းအဖြစ်နဲ့ ရောက်သွားတယ်။ ရောက်သွားပုံက အင်းဝဘုရင်မင်းခေါင်ရဲ့သား မင်းရဲကျော်စွာကနေ အကောက်ကြံပြီးတော့သူ့ကို ဒဏ်ရာနဲ့ဖမ်း ခေါ်သွားတယ်။ မင်းရဲကျော်စွာက မွန်သူရဲ ကောင်းလကွန်းအိမ်ကိုမေးတယ်။ ဦးရီးတော်ဆေးလည်းကု ပေးမယ်။ အစားအစာ စားသုံးလိုက်ပါလို့ ပြောတယ်။ အဲဒီအချိန်မှ လကွန်းအိမ်ကနေပြီးတော့ အရှင်နှစ်ယောက်ရဲ့ ထ မင်းဟာငါ့ဝမ်းထဲမှာ အဝင်မခံဘူး ငါသေရင်သေပါစေ အရှင်တစ်ယောက်ရဲ့ထမင်းဘဲဝမ်းထဲအဝင်ခံနိုင်မယ်လို့ ပြော တယ်။ အဲဒီအခါမှာ မင်းရဲကျော်စွာကမေး တယ်။ ဒါဆိုရင်ဘာများသုံးဆောင်ချင်ပါသလဲဆိုတော့။ အင်းငါတော့ ကွမ်း တရာကိုသာစားချင်ပါတယ်။ လကွန်းအိမ်ကွမ်းဝါး ပြီးမှာ မင်းရဲကျော်စွာကိုကျေးဇူးဆပ်တဲ့အနေနဲ့ စကားတစ်ခွန်းပြော ခဲ့ပါတယ်။ အရှင်မင်းသား သုရှင်ရာဇဓိရာဇ်နဲ့ တိုက်ခိုက် တဲ့ အခါမှာ ထိပ်တိုက်ရင်ဆိုင်မတိုက်ခိုက်ပါနဲ့ သုရှင်အနီးအနား မှာ ဝန်းရံနေတဲ့ သူရဲသူခက်ဟာယက္ခဘီလူးလို ကြမ်းတမ်းပြီး သူ့အပေါ်သစ္စာရှိတဲ့ ဆွေတော်မျိုး တော်တွေဘဲဖြစ်ကြ တယ်။ ဒါကြောင့်မို့ သူနဲ့ရင်ဆိုင်တိုက် ခိုက်ခြင်းကိုရှောင်ရှားပါလို့ ပြောခဲ့ပါတယ်။ အဲဒီကွမ်း စကားဟာလကွန်းအိမ်ရဲ့ အဆိပ်မပြယ် သော စကားလို့ ရာဇဝင်မှာတွင်ကျန်နေခဲ့တယ်။
ရခိုင်ပုံပြင်တစ်ပုဒ်လည်းရှိပါသေးတယ်။ ရခိုင်ဘုရင်မင်းထီးအုပ်ချုပ်တဲ့ကာလမှာ သူရဲ့နန်းတော်တိုင်မှာ ထုံးသုတ်ရာတွင် ပြည့်နေလို့ တစ်နေ့တော့ သူအမိန့်ထုတ်ပြန်လိုက်တယ်။ ဒီနန်းတော်တိုင်မှာ ထုံးသုတ်တဲ့လူကို လက်ညှိုးဖြတ်စေလို့ အမိန့်ထုတ်ပြန်လိုက်တယ်။ တစ်နေ့တော့ နန်းတော်တိုင်ထဲမှာ ထုံးသုတ်ရာတစ်ခုတွေ့လို့ ဘုရင်နန်းတော်မေးလိုက် တယ်။ ဒီတိုင်မှာဘယ် သူထုံးသုတ်ထားသလဲဆိုပြီး အမတ်တွေအားလုံး ဆိတ်ဆိတ်နေခဲ့ကြပေမဲ့ အမတ်ငယ်တစ်ဦး ကတော့ အရှင်မင်းကြီး ကိုယ် တိုင်ဘဲ သုတ်မိတယ်လို့ နေ့စွဲ အချိန်နဲ့တကွ လျှောက်တင်ပါတော့တယ်။ အဲဒီအချိန်မှာ ဘုရင်မင်း ထီးကကိုယ်ထုတ်ထား သောအမိန့်ကို ကိုယ်ချိုးဖောက်တဲ့အပြစ်အတွက် သူ့လက်ညှိုးကိုကိုယ်တိုင် သံလျက် ဓားနဲ့ ခုတ် ဖြတ်လိုက်တယ်။ ဒါဘာကိုပြ သလဲဆိုတော့ ရှေးရှေးတုန်းက ကွမ်းစားတဲ့ဓလေ့နဲ့ သစ္စာရှိမှု ဥပဒေကိုလိုက် နာမှုတွေနဲ့ ဆက်နွယ်တယ်လို့ ပြောလို့ရပါတယ်။
ပြီးတော့ လယ်စောင့်နတ်ပူဇော်ပွဲ၊ ဦးရှင်ကြီးနတ်တင်ပွဲ၊ နတ်ကနားပွဲ၊ ဘာသာရေးပွဲတော်၊ သာရေးနာရေးတွေဟာ ကွမ်း တွေဟာမပါမဖြစ်ဘဲအသုံးအဆောင်လည်းပါဝင်တယ်။ ရှေးရှေးတုန်းက ဆိုရင်ရှင်ပြုမင်္ဂလာပွဲတွေမှာ ဘာသာရေး၊ လူမှု ရေး၊ပွဲတွေမှာ အဲဒီရွာထဲမှာ ရှိတဲ့အချောဆုံး အလှဆုံး မိန်းကလေးတွေကိုမှ ကွမ်းတောင်းကိုကိုင်ခွင့်ရှိတယ်။ သာမန် မိန်းကလေးကိုင်ခွင့် မရှိဘူး။ အဲဒီအထိ ကွမ်းကို အမြတ် တနိုးအထွတ်အမြတ်ထားတာရှိတယ်။ ဒါကြောင့်မို့ကွမ်းတောင်း ကိုင်စကားဟာ ပေါ်လာတဲ့စကားပါ။ ကွမ်းစားတာစွဲတယ်။ စွဲစွဲမြဲမြဲစားနေရင်တော့စွဲတတ်တယ်။ လက်ဖက်ရည် တို့၊ ဆေး လိပ်တို့နဲ့၊ အတူတူပါဘဲ။ အမှန်ကျတော့ ကွမ်းစားတာဟာမကောင်းဘူး ငွေလည်းကုန်တယ်။ ကျန်းမာရေးကနေ ကြည့် လည်းမကောင်းဘူး။ ပတ်ဝန်း ကျင်ညစ်ညမ်းမှုဖြစ်ယုံသာမက မိမိကိုယ်ကိုညစ်ညမ်းမှုဖြစ်စေတယ်။ အခုခေတ် မှာကလေး တွေကအစ ကွမ်းစားတာကောင်း တဲ့လက္ခဏာ မဟုတ်ဘူး မြင်ပါတယ်လို့ " ပြောပါတယ်။
စံခလဘူရီမှာရှိတဲ့ ကွမ်းယာဆိုင်ပိုင်ရှင် တစ်ဦးကကွမ်းဝါးရင်းနဲ့ ဒီလိုပြောပါ တယ်။ ကျနော့်ကွမ်းယာဆိုင်ကို မနက် (၆)နာရီကနေညနေ(၄)ခွဲ အထိဖွင့်ပြီး ရောင်းတယ်။မနက်တိုင်းစောစောစီးစီး ကျနော့်ဆိုင်မှာအများအားဖြင့်ကွမ်းလာ ဝယ်စားတဲ့လူကတော့ လူပျိုများ တယ်။ တစ်နေ့ကိုဘတ်ငွေ(၇ဝဝ)ကျော်ခန့် ကျ နော်ရောင်းလို့ရရှိပါတယ်။ လာ ဝယ်စား တဲ့လူပျိုကာလသား တစ်ဖွဲ့က ဒီလိုပြော ခဲ့ပါသေးတယ်။ ဦးရေ (ဒွေးမယ်နော်)တွေမရှိပါစေ ဦးရဲ့ကွမ်းယာအရ သာကာင်းလွန်းလို့ကျွန်တော်တို့အုပ်စုတွေက ဦးရဲ့ ဆိုင်ကို မခွာချင်တော့ဘူးလို့ ကာလသားတွေကပြောပါတယ်။ လာဝယ်စားတဲ့ကာလသားအုပ်စုတွေက ပြန်ခါနီးကျနော့် ကို နှုတ်ဆက်တဲ့အနေနဲ့ လက်ကိုဝှေ့ယမ်းပြပြီးတော့သွားဖြဲပြပြီး ကျနော့်ကိုပြောတယ်။ ဦးရေကျနော်တို့သွားကို တစ် ချက် လောက်ကြည့်လိုက်ပါဦး။ ကွမ်းစားများလွန်းလို့ ဖရဲသီးစေ့လို မည်းတူးကုန်ပြီး သွား မည်းလို့ချစ်သူရည်းစားတွေ ချန်ထားခဲ့ပါစေ ကျနော်တို့အဖွဲ့က ကွမ်းစားတာကို ဘယ်တော့မှ မစွန့်လွှတ်နိုင်ဘူး။ ကွမ်းကိုလေ့ လာစပ်စုမိခဲ့ရာဘယ် မှာဘဲရောင်းချရောင်းချ ရှေးမိဘဘိုးဘေးဘီဘေ လက်ထက်ကတည်းက ရှိခဲ့သောရိုးရာဓလေ့ အစားအသောက်တစ် ခုအဖြစ်သတ် မှတ်သုံးဆောင်မှီဝဲခဲ့ကြပါတယ်။ ကွမ်းကမင်္ဂလာဆောင်တဲ့ နေရာမှာလည်းသုံးတယ်။ ကွမ်းစား ခြင်းဟာ ဘေးဥပဒ်ဆိုးကျိုး မဖြစ်စေပါ။ ဒါပေမဲ့တန်ဆေးလွန်ဘေးပေါ့နော်။ ကဗျာဆန်မှုကိုသာလွန်ပြီး ကျွန်တော်ရောင်းတဲ့ ကွမ်းယာကိုတော့ ကောင်းသလားမမေးနဲ့ဗျာ။ မယုံရင်စားကြည့်ပါ။ အရသာသိသွားရမယ်။ ပျူငှာစွာဧည့်ဝတ်ပြုမည်မှာ မြေကြီး လက်ခတ်မလွှဲပါဘူးလို့ ကွမ်းယာဆိုင်ပိုင်ရှင်တစ်ဦးကပြောပါတယ်။
မြန်မာပြည်မှာကွမ်းနဲ့ပက်သက်ပြီးစာဆိုရှိပါတယ်။ တံတားဦးကကွမ်းနုဝါ ငါန်းမြှာကဆေး၊ ကွမ်းသီး တောင်ငူကိုင်းထုံး ဖြူ ပြည် ရှားအသာဝါးလို့ထွေးတဲ့။ ကျွန်မငယ်ငယ်လေးတုံးကဆိုယင် အဖွါးရဲ့ကွမ်းဝါးဖတ်ကို အမြဲတောင်းစားတတ်ပါ တယ်။ အဲဒီကွမ်း ဝါးဖတ်ကို အကိုအမတွေနဲ့ပြိုင်ပြီးလုစားရတာကို မှတ်မိပါသေးတယ်။ ဒီကွမ်းစားသုံးတဲ့ထုံးစံဟာ ထိုင်းနိုင်ငံတွေမှာ ပျောက် ကွယ်သွားပေမဲ့ မြန်မာနိုင်ငံမှာတော့ တွင်ကျယ်နေတုန်းပါဘဲ။ အခုဆိုယင်ရပ်ရွာထဲမှာကွမ်း ယာ ဆိုင်တွေပိုပြီး များလာ ပါတယ်။ တချို့ဆိုင်တွေဟာဆိုယင်ဆိုင်ခွဲ အမြောက်အများဖွင့်နိုင်တဲ့အထိ ရောင်းအား ကောင်းလာပါတယ်။ရန်ကုန်မှာဆိုယင်မိုးမင်းဇော် ကွမ်းယာဆိုင် မော်လမြိုင်မှာဆိုရင် ကိုစိုးမိုးရဲ့ ဘိုးဘိုးကြီးကွမ်းယာ ဆိုင်ဟာဆိုယင် တိုးမပေါက်အောင်ရောင်းအား ကောင်းနေ တယ်လို့ ကွမ်းကြိုက်သူ နိုင်ချမ်းမွန်ကပြောပါတယ်။ အဲဒီ လိုရိုးရာအရ အိမ်ထဲမှာဧည့်ခံတဲ့ကွမ်းစားတဲ့ထုံးစံဟာ ဆိုင်တွေမှာ ကျယ်ကျယ်ပြန့်ပြန့်ရောင်းချနေပြီး လူငယ်တွေအများ စုကွမ်းစွဲသွားတာဟာ ကောင်းတဲ့လက္ခဏာလား ဆိုးရွားတဲ့ လက္ခဏာ လားဆိုတာ တိကျတဲ့ဆုံးဖြတ်ချက်မပေးနိုင်သေး ပါဘူး။ သေချာတာတခုကတော့ ယဉ်ကျေးမှုဓလေ့ထုံးစံ အနေအထား ပြောင်းလဲသွားတာအမှန်ပါဘဲ။
0 comments: