ပိုးကရင်အခေါ် “ ဆ်ုအာင်လင်” (ဆအိုင်လောင်)သည် မြန်မာဘာသာဖြင့် “ကိုယ်ဟန်ပြခြင်း,လက်ဝှေ့ရေးပြခြင်း” ဟု အဓိပ္ပါယ်ရသည်။ တနည်း မြန်မာဇာတ်ပွဲ၌ ဇော်ဂျီများ ကသော်အခါတွင် ပိုးကရင်တို့က “ဇော်ဂျီအာင်လင်”ဟု ခေါ်ဆိုပါသည်။ “အာင်လင်”ဟူသော စကားသည်လက်ဝှေ့ရေးပြခြင်းသဘောမျို:မဟုတ်ဘဲလျင်မြန်ဖြတ်လတ်မှု၊ကိုယ်လက်ကြံ့ခိုင်မှု၊လာယဗလပြည့်စုံမှုရှိကြောင်း သဘောကို ဆိုလိုပေသည်။
ဆအိုင်လောင်ပွဲသည် အိမ်ထောင်မပြုရသေးသော စွမ်းအားပြည့် လူပျိုပွဲဖြစ်သည်။ လူပျိုများ မိတ်ဆက်ကြခြင်း၊ အချင်းချင်း ချစ်ကြည်ရးနှီးမှုရှိစေခြင်းကို အကြောင်းပြု၍ ကျင်းပခြင်းဖြစ်သည်။ ထို့ကြောင့် ဤပွဲကို ကိုယ်လက်ကြံ့ခိုင်မှုမရှိသူ ကိုယ်အင်္ဂါချို့ယွင်းသူ၊ နာမည်ပျက်ခဲ့သည့် တစ်ခုလပ်ဖြစ်သူ၊ မုဆိုးဖိုဖြစ်သူတိုသည့် ပါဝင်ခြင်းခွင့်မပြုပေ။ အထူးသဖြင့် လူမှုရေးဖောက်ပြန်ပြီး န်ာမည်ပျက်ထားသူဖြစ်ပါက ပို၍ခွင့်မပြုပေ။ အတိအလင်းတားမြစ်ကြသည်။
“ဆ်ုအာင်လင်” ပွဲသည် အနိစ္စရောက်ရှိသူများကို ပြန်လည်၍ ဒါနကုသိုလ်ပြုပေးသောအခါ၌လည်းကောင်း၊ အချင်းချင်း တွေ့ဆုံလိုကြ၍ ကိုးကွယ်သည့် ရွာကျောင်းဇရပ်တွင် ချိန်းဆိုပြီး ကျင်းပကြသည့်ပွဲလည်းကောင်း၊ အလျဉ်းသင့်သလို ကျင်းပကြသည်။ ရှေးခေတ်က ကရင်တို့ဒေသသည် လျှပ်စစ်မီးများ၊ ဓာတ်မီးများ မထွန်းနိုင်သေးပေ။ ထိုအချိန် ပွဲတစ်ခုခု ကျင်းပပြုလုပ်တော့မယ့်ဆိုလျှင် ပိုးကရင်အခေါ် “ဝးကျောဟ်” (မြန်မာဘာသာ-ဝါးခြောက်)များကို ရှာ၍အစိပ်စိပ် ခြမ်းထားပြီးမီးတုတ်များ ပြုလုပ်ကြသည်။ မီးတိုင်အဖြစ် အင်ပင်မှ ထွက်သော အဆီ၊ ကညင်ပင်မှ ထွက်သောအဆီများကို ငှက်ပျောဖက်အစိုနှင့်လိပ်၍ မီးတိုင်အဖြစ် အသုံးပြုကြသည်။ ၎င်းများကို မထွန်းညှိနိုင်ပါက ထင်းများကို ရှာကာ မီးဖိုကြီးလုပ်ပြီး အလင်းရောင်အဖြစ် အသုံးပြုကြရသည်။ ဤပွဲကို ကျင်းပနိုင်ရေးအတွက် ကျင်းပသူတို့က ကြိုတင်၍ မီးတုတ်၊ မီးတိုင်ထင်းများရှာဖွေ စုဆောင်းထားကြရပါသည်။
“ဆ်ုအာင်လင်” ပွဲကျင်းပရာတွင် ကျင်းပသည့်နေ့၌ မီးတုတ်၊ သို့မဟုတ် မီးတိုင်၊ မီးဖိုများကို ထွန်းညှိထားရပါသည်။ အလင်းရောင်ရှိသောနေရာတွင် “ကေႜာဟ်” (ဖားစည်)၊ “ ခုဦ” (ကျွဲချို)၊ “ပ္ဘီါ” (ပြွေ)၊ “ တ်ုဗုင်ၟ” (ဗုံစည်)၊ “ထး” (အိုးစည်)၊ “ဖံင်ဍွာ” (၀ါးပလွေ) စသည့်ကရင့်တူရိယာ ပစ္စည်းများကို သံစုံတီးခတ်၍ ကိုယ်ဟန်အမျိုးမျိုး ပြသကြပါသည်။
ပြသပုံမှာ အင်္ကျီချွတ်၍ ခါးတောင်းကျိုက်ပြီး ရိုးရာတူရိယာ သံစုံ(ဆိုင်း)တီးလုံးဖြင့် တီးလုံးချက်ညီညီနှင့် ကိုယ်ဟန်ရေးပြပါသည်။ ကြည့်ရှုအားပေးကြသော ပွဲကြည့်ပရိသတ်နှင့် အပျိုလူပျိုတို့က လက်ခုပ်ဩဘာပေးကြသည်။ အားပေးကောင်းသော ပရိသတ်တို့က “ဒါမှယောက်ျားဘသားကွ”ဤသို့ဖြင့်လည်းကောင်း “ကု္ဆင့္ထီၟေဟ့ ကု္ဆင့္ထီၟ” (ဆင်ကြီးဟေ့ ဆင်ကြီး)၊ ဇာဒီသိုင့်ဟေ့ ဇာဒီသိုင့်” (ခြင်္သေ့ကွ ခြင်္သေ့)ဟူ၍လည်းကောင်း ပြောင်လှောင်နေက်ပြောင်လိုသည့်သဘောဖြင့် “အ်ုဏှ်မ မွဲာဟှာၟမူး (…)မ” “အဲ့ဒါမှဒေါ် (…)သမက်ကွ” ဆိုပြီး ဟားကြ၊ ရယ်မောကြသည်။
ကာယဗလ ပြသရာတွင် ပွေး, ၀ဲ, ညှင်း,နှင်းခူအနာရောဂါကင်းစင်သူ ဖြစ်မဖြစ် ပြသသည့် သဘောဖြင့်လည်းကောင်း သို့တည်းမဟုတ် အသား၊အသွေး လှပခြင်းရှိမရှိနှင့် ရုပ်ရေရူပါ ရှိမရှိခြင်း သဘောကိုလည်းကောင်း ယောက်ျားပီသမှု ဖြစ်မဖြစ် သဘောဖြင့် ရိုးရာကိုယ်ကာယဟန်ပြမှုကို ပြသကြခြင်းဖြစ်ပါသည်။ ကိုယ်ကာယဟန်ရေးပြချိန်တွင် ကြည့်ရှုအားပေး ယောက်ျားပီသကြောင်း တွေ့မြင်ရလျှင် လက်ခုပ်ဩဘာသံမဆုံးနိုင်အောင် အားပေးကြသည်။ ချစ်သူဖြစ်ခဲ့သူအပျိုစင်အမျိုးသမီးက အကဲခတ်ကြည့်ရှု၍ စိတ်လှုပ်ရှားနေဟန်ရှိသည်။
ယောက်ျားဘသား မပီသသူ၊ ပန်နံသေးကွေး၊ ကျုံလီလိမ်ပါး ယောက်ျားတို့က ၎င်းတို့၏ အနီးအနားတွင် မနေဝံ့ဘဲ မှောင်ရိပ်တွင် နေ၍ ကြည့်ရှုနေရရှာပါသည်။
“ဆ်ုအာင်လင်” ကိုယ်ဟန်မပြဝံ့၊ မပြရဲသူများက ပြောင်လှောင် နောက်ပြောင်လိုသည့် သဘောဖြင့် “ဆ်ုအာင်လင်” ကိုယ်ဟန်ပြသူတို့၏ နောက်မှနေ၍ ဆန့်ကျင်နေသည့်သဘောဖြင့် ကိုယ်ဟန်ပြမောင် ချွတ်ထားသော အကီင်္ျ၊ လုံချည်များကို အထုပ်ပြု၍ ထမ်းပိုးပြီး မိန်းမလျှာဆန်ဆန် (ခပ်နွဲ့နွဲ့)ရယ်ရွှင်ဖွယ်သဘောဖြင့် လမ်းလျှောက်ပြသည်။ ထိုအခါ အနီးအနားတွင် ထိုင်နေကြသူတို့က မြင်ကြရ၍ တဟေးဟေး၊ တဝါးဝါးလှောင်ပြောင်ရယ်မောကြပါသည်။
ကိုယ်ဟန်ပြသော ယောက်ျားတို့သည် အထူးသဖြင့် “ဆေ၀်ယံင်ၟ” (ဆေယွန်-မင်ကြောင်ထိုးကွင်းပေါင်သားပေါ်တွင်) ထိုးထားသည်။ “ယွန်” ထိုးကွင်းမထိုးထားဘဲ ကိုယ်ဟန်မပြရဲကြပေ။ “ယွန်”ထိုးထားပါသော်လည်း ပေါင်တစ်ဖက်သာ ထိုးထားပါက ပိုပြီးပြောင်လှောင်နောက်ကြပါသည်။ ရှေးခေတ် ကရင်လူမျိုးတိုသည် ယောက်ျားဖြစ်ပါက အသက်(၂၀)ကျော်လျှင် ဆေးမင်ကြောင်ထိုးခြင်း၊ (ထိုးကွင်း)ကို ထိုးကြသည်။ “ထိုးကွင်း” ရှိသော သူမှသာလျှင် ယောက်ျားပီသသူဟု သတ်မှတ်ကြပါသည်။ မထိုးရဲသော သူသည် ယောက်ျားဟု မသတ်မှတ်လိုပေ။ သတ္တိနည်းသူ၊ စွန်းအားမပြည့်သူဟု သတ်မှတ်ကြသည်။
“ယွန်” (ထိုးကွင်း)မထိုးနိုင်သော်လည်း “ယွန်” (ထိုးကွင်း)ထိုးရာမှ တူနိုင်သော တစ်ကွက်၊ တစ်စက်ဖြင့် ပေါင်ပေါ်တွင် ကရင်ယောက်ျားဖြစ်လျှင် များသောအားဖြင့် ထိုးကြရသည်။ “ယွန်” (ထိုးကွင်း)ထိုးရာ၌ ထိုးချင်သလို ထိုးလု့မရဘဲ “ယွန်”(ထိုးကွင်း)ထိုးတတ်သော ဆရာနှင့် ထိုးရပါသည်။ “ယွန်” (ထိုးကွင်း) ထိုးရာတွင် အဓိကပါရှိရမည့် အင်္ဂါရပ်မှာ--
(၁) ဆရာကန်တော့ပွဲပေးရခြင်း၊
(၂) အသက်(၂၀)ကျော်ဖြစ်ရခြင်း၊
(၃) အိမ်ထောင်မပြုရသေးသူဖြစ်ရခြင်း၊
(၄) ကျန်းမာနေသူဖြစ်ရခြင်းပင်ဖြစ်ပါသည်။
“ယွန်”(ထိုးကွင်း)ထိုးရာတွင် ဆေးမင်ကြောင်တစ်ခုဖြင့် ထင်ခြင်းသဘောမျိုးမဟုတ်ဘဲ လက်ရာကောင်းမွန်ရပါသည်။ လက်ရာညံ့ပါက ကြည့်၍မလှပါ။ အသားဖြူသူကို “ယွန်” (ထိုးကွင်း)အကွက်ကျဲကျဲ ထိုးပါက ကြည့်၍မလှပေ။ ကိုယ်ကာယ ပေါင်ကိုကြည့်၍ အကွက်ချပြီး ထိုးရပါသည်။
“ယွန်” (ထိုးကွင်း) ပညာရပ်သည်။ သာမန်အနုပညာတစ်ခု မဟုတ်ပေ။ သစ်သား၊ အင်္ဂတေပေါ်၌ ရေးထိုးသော ပညာရပ်ထက် ပိုတိကျတတ်မြောက်ရသော ပညာရပ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ကာယအသားပေါ်တွင် ဆေးမင်အနက်ရောင်များကို ကိုယ်သားတွင်း၌ ထိုးထည့်ရသောကြောင့်ဖြစ်သည်။ လက်တုန်ခြင်း၊ ထိုးခံသူက မခံရနိုင်ဘဲ တုန်ခြင်း၊ လှုပ်ခြင်းဖြစ်ပါက အကွက်ကျမဖြစ်တော့ဘဲ မလှမပဘဲ ဖြစ်တတ်သည်။ အသားပေါ်တွင် မင်ရည်ဖြင့် ထိုးသွင်းရသော ထိုးပန်းချီပညာရပ်ဖြစ်၍ အထင်သေး၍ မရပေ။
“ယွန်” (ထိုးကွင်း)ပညာရပ်၌ ထိုးပြရသော ပန်းချီမှာ ဇော်ကဟန်၊ ခြင်္သေ့မာန်ဟန်၊ သဇင်ခွေပန်းဟန်၊ မျဉ်းကြောင်းတစ်ထပ်၊ နှစ်ထပ်၊ သုံးထပ်ချ၍ အကွက်ထိုးရသည်။ ထိုအကွက်ထဲတွင် ဇော်ကဟန်၊ ခြင်္သေ့မာန်ဟန်၊ ကဒေါင်းဟန်၊ စင်္ကြာပန်းဟန်စသည်အားဖြင့် အမျိုးမျိုးထိုးကြပါသည်။ အကွက်မှ မပါဝင်သော နေရာများသို့ သဇင်ခွေပန်းဖြင့်ကာ ပိတ်ထိုးရသည်း တစ်ချို့မှာ ယွန် (ထိုးကွင်း) ထိုးသော ခုနှစ်တို့ကို ကမည်းရေးထိုးထားသည်ကို တွေ့ ရပါသည်။ ထိုးထားသော ဟန် လက်ရာများမှာ ပုဂံခေတ် ခြင်္သေ့ ဟန်နနှင့်  အင်းဝခေတ် ခြင်္သေ့ဟန်ဖြစ်သည်။ ကာဒေါင်းဟန်လက်ရာမှာ ပုဂံခေတ် ကာဒေါင်းဟန်ဖြစ်သည်။ ဇော်ကဟန်မှ အမရပူ၇ခေတ် လက်ရာဖြစ်သည်။ စင်္ကြာပုံဟန်မှာ အမရပူရခေတ် လက်ရာဖြစ်သည်။ သဇင်ခွေဟန်မှာ အမရပူရခေတ် လက်ရာဖြစ်သည်။ အဆိုတစ်ရပ်မှာ ……….
ရှေးကရင် အမျိုးသားများ ဆေးမင်ကြောင်ထိုးကွင်းများကို မထိုးမဖြစ် ထိုးရခြင်း ယောက်ျားဖြစ်ကြောင်း၊ ယောက်ျားပီသကြောင်းရည်ရွယ်ခြင်းတို့ အပြင် ပြပွဲ (သြပွဲ) လက်ဝှေ့ ရေးပြရာမှာလည်း ကိုယ်ခနာ တွင် ပွေး၊ ၀ဲ ၊ညှင်းများ ပေါက်ပါက ထင်းရှားစွာ မမြင်နို်င်အောင် ကာကွယ်မှုတစ်ရပ်အဖြစ်လည်း ဆေးမင်ကြောင် ထိုးကွင်း ထိုးသူများ ရှိသည်၏ ဟု ဆိုပါသည်။
ကိုယ်ခနာ ကြံ့ ခိုင်မှုရှိ၍လည်း အကြောင်းမညီညွတ်သူလည်းရှိတတ်သည်။ ချစ်သူနှင့် လက်ထပ်ရန်(လူသိရှင်ကြား) ရှိသူ၊ ချစ်သူနှင့် ကွေကွင်းရသူ၊ အချစ်ဆုံးရှုံးရသူတို့မှာ ကိုယ်ဟန်မပြ၀ံ့ကြဘဲ “ဆ်ုမူဏင်မိက်တာခႜုဂ်ဏေဝ်ၟ” (ချစ်သူစွန့်ထားမိသူ)ဟူ၍ ဝိုင်လှောင်ပြောင်ကြသည်။
ဤသို့ ဝိုင်းလှောင်ခံရသည်ကြောင့် ချစ်သူထံမှ ပေးထားခဲ့ဖူးသော စောင်၊ သို့မဟုတ် ကတိပြုပစ္စည်း တစ်ခုခုကို ပရိသတ်ရှေ့တွင် မီးပုံတွင်ထည့်၍ မီးရှို့ပစ်လိုက်၏။ “ငါ့ဘ၀သည် ဤသို့ဆုံးရှုံးမှု တစ်ရပ်ဖြစ်၏” ဆိုသည့်သဘောမျိုးဖြစ်သည်။ မြင်ရသော သူတို့က ဝမ်းနည်းကြေကွဲမိကြပါသည်။ ထိုသို့မဟုတ်မူ၍ “ငါသည် ချစ်ရသူမရှိတော့ပြီး၊ တစ်ကိုယ်တော် လူပျိုဘဝဖြင့် ရပ်တည်နေသူဖြစ်၏” ဆိုသော သဘောဖြစ်သည်။
ရှေးခေတ် ကရင်လူမျိုးတိုသည် ချစ်သူ့ဘဝအဖြစ် သုံးနှစ်သုံးမိုး အချိန်ယူပြီးမှ လက်ထပ်ထိမ်းမြားခြင်း မင်္ဂလာပြုကြသည်။ ချစ်သူနှစ်ဦး (အချင်းချင်း)၏ သစ္စာကတိအဖြစ် “ဖု္ဘါင်လူးယှာ့၀၀်” (စောင်နီ)၊ “ဖု္ဘါင်လူးယှာ့အွာ” (စောင်ဖြူ) အဖြစ်ဖြင့် ပေးထားကြသည်။ ချစ်သူနှစ်ဦးသည် အကြောင်းမညီညွတ်ဘဲ (သေကွဲ-ကွဲ၊ ရှင်ကွဲ-ကွဲ) နှစ်ယောက်သား ပြန်မဆုံနိုင်သော အခါတွင် ထိုကတိသစ္စာ ပြုထားသော စောင် သို့မဟုတ် ပစ္စည်းတစ်ခုခုကို တယုတယ (မြတ်နိုးစွာ)ဖြင့် သိမ်းဆည်းထားလေ၏။ ရှင်ကွဲ-ကွဲရသောအခါဖြစ်လည်း ပြန်ဆုံဆည်းကြသောအခါတွင် ပြုထားသော ကတိသစ္စာပစ္စည်းကို ကြင်နာမြတ်နိုးစွာ ပြန်လည်၍ပေးကြပါသည်။ သေကွဲ-ကွဲသူဖြစ်ရပါမူ သေသူ၏ အလောင်းရှိရာသို့ သွားရောက်၍ သို့မဟုတ် အရိုး မြေကျရာ သင်္ချိုင်းမြေပေါ်ကို လွမ်းခြုံ၍ ပြန်ပေးလေ့ရှိကြပါသည်။
ဤသို့ကတိသစ္စာ တည်ကြစေရန်အတွက် တေးသီချင်းဖြင့် ဖွဲ့နွဲ့ထားရှိခဲ့ပါသည်။
“ဏီ့္ဘိင်း ဏီ့္ဘိင်း ဍေထောဟ်ကိုဝ်၊
ဏီး္ဘိင်း လ်ုလင်ယှး ဏင်ၟဆိုဝ်၊
အေသီ့ မ်ုထါင် လ်ုသွးခေါဟ်၊
အေမိုင့် မ်ုထါင် ကဲဏ်ုသိုဝ်”။
မြန်မာဘာသာ-
“အောက်ချင်းငှက်လို တူနှစ်ကိုယ်၊
စဉ်အမြဲ မခွဲသလို၊
သေသော် သုဿန်အတူမြန်း၊
ရှင်သော် ဖော်မွန်နေမည်မှန်း” ဟူ၍ ရှိခဲ့သည်။ချစ်သူနှစ်ဦး လက်ထပ်မင်္ဂလာပွဲတွင် ဧည့်ခံရန်အတွက် “ထောဝ်”(ဝက်)ကို မွေးမြူထားလေ့ရှိသည်။ ထိုဝက်သည် သုံးနှစ်သုံးမိုးတိုင်အောင် မွေးမြူရပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ဝက်မှာ သေဆုံးသွားပါလျှင် မင်္ဂလာဆောင်ဖို့အတွက် ဝက်ကိုပြန်လည်၍ မွေးမြူကြရပါသည်။ ဝက်သေဆုံးသော အတိတ်နိမိတ်ကို ကြည့်၍ ချစ်သူနှစ်ဦး၏ ရှေ့လျှောက်ရမည့် ဘဝခရီးကို ကြိုတင်စောင့်ထိန်းခြင်း ပြုလုပ်ကြပါသည်။ ။ ။
TAGGED UNDER: article
ဆ်ုအာင်လင် (ဆအိုင်လောင်) ကရင်ရိုးရာဩပွဲ
ဖေါ့အားချို
About the Author
Write admin description here..
Recommended
- စုပေါင်းလုပ်ဆောင်ခြင်းမှ စည်းလုံးခြင်းဆီသို့
- ကရင်အမျိုးသား နိုင်ငံကျော်ဆိုင်းဆရာကြီး( ဦး)စိန်စတင်း အကြောင်းတစေ့တစောင်း
- (၁၄) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း အစည်းအဝေးအလှူပွဲ (ဘန်ကောက်၊ ထိုင်းနိုင်ငံ)
- (၁၂) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း အလှူပွဲအစည်းအဝေးအောင်မြင်စွာကျင်းပပြီးစီး
- ၀တ်နခေါင်အင်ကျောင်း (နွန်ထဘူရီ) သင်္ကြန်ပွဲအလှူ
- သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့
Recent Articles
Follow on FaceBook
Blog Archive
Text Widget
Text
|
Labels
News Links
-
- Karen Blogger Friends▼
-
- 1.Karen News
- 2.ကွယ်ကလု
- 3.ကေအိုင်စီ
- 4.ကိုးဒီသွေး
- 5.ဇွဲကပင်
- 6.အဲခါန်.သင့်(ဆစ်ဒနီ)
- 7.ဖူ့တာမိက်
- 8.မန်းကိုကို
- 9.စောဍုံလွေဝ့်
- 10.မြစ်နဒီကိုးသွယ်
- 11.KNL Jpan
- 12.စောဆိုအဲထအောင် (ဆိုဒ်အဲထ်ုအင်)
- 13.မန်းဧရာ
- 14.စောကျော်လေး
- 15.ဒေါင်းပျိုလှလှအားမာန်
- 16.ပထီးပကော်
- 17.စောဖိုးဇော်
- 18.ဇွဲကပင်(KDA)
- 19.ထောမဲပါ
- 20.ဒေါနမြေ
- 21.မျိုးချစ်ကရင်
- 22.မူ.ယံင့်ဖါန်
- 23.ကရင်အမျိုးသား မိတ်သဟာယအဖွဲ့ (ကိုးရီးယား)
- 24.OKRSO's Family
- 25.ကရင်လူငယ်အစည်းအရုံး (ကိုးရီးယား)KYO
- 26.ယံင့်၀၀်
- 27.အမိကရင်မြေ
- 28စောဇော်လတ်
- 29.ဘာဘလျူးမူး
- 30.ဖားစည်သံ
-
- Links for Learning▼
-
- 1.VOA Learning English
- 2.BBC Learning English
- 3.Spotlight Radio
- 4.Free Language Online
- 5.Technical Seven
- 6.Easy Learning English
- 7.Myanmar E Dictionary
- 8.Englsih M Dictionary
- 9.Learning English Utube
- 10.Free English
- 11.New Cutting Edge
- 12.Headway English
- 13.Spoken English
- 14.English Files
- 15.Learn4good English
- 16.Non-stop English
- 17.British English
- 18.To learn English
- 19.www.eslyes.com
!->!->!->
ကရင် MP3 များ နားဆင်ရန်နှင့်ဒေါင်းရန်
Powered by Blogger.
Followers
Arsip Blog
-
►
2013
(29)
- December (3)
- November (3)
- October (4)
- August (9)
- July (1)
- June (4)
- April (4)
- January (1)
-
►
2011
(26)
- December (5)
- November (1)
- October (4)
- August (2)
- July (3)
- June (2)
- April (1)
- March (2)
- February (4)
- January (2)
-
►
2010
(45)
- December (1)
- November (1)
- October (4)
- September (1)
- August (4)
- July (1)
- June (5)
- May (5)
- April (1)
- March (13)
- January (9)
0 comments: