1

1
TAGGED UNDER: ,

(၁၇) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအစည်းအဝေးအောင်မြင်စွာကျင်းပပြီးစီး


(၁၇) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအစည်းအဝေးပွဲကို (၇-၇-၂၀၁၃) တနင်္ဂနွေနေ့မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ နွန်ထဘူရီ၊ ၀တ်နခေါင်အင်ကျောင်းတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။ ၎င်းအစည်းအ
ဝေပွဲမှာ ထိုင်းနိုင်ငံမှာရှိကြတဲ့ ကရင်တိုင်းရင်းသားလေးရာကျော်ဖြင့်ပါဝင်တက်ရောက်လှူဒါန်းခဲ့ကြပြီး ကြွ
ရောက်လာကြသောဆရာတော်၊ သံဃာတော်များအားဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

နေ့လည် (၁၂း ၃၀)တွင် အစည်းအဝေးကိုစတင်ကျင်းပကာ အောက်ပါအခမ်းအနားအစီအစဉ်ဖြင့်ကျင်းပ
ပြုလုပ်ခဲ့ပါသည်....

၁။ နမော တဿ -၃- ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခြင်း
၂။ မိဂဒါယ ဖေါ့မူယှာ့အဖွဲ့မှ - ပုဂ်ထင်းလ်ုဝါ်-ဖြင့် ရွတ်ဖတ်ပူဇော်ခြင်း
၃။ ဧည့်ပရိတ်သတ်များက  အဖွဲ့၏နာယကဆရာတော်ဘဒ္ဒန္တဇောတိက (ဒုတိယပါမောက္ခချုပ်)၊ သာသနာ့
တက္ကသိုလ်၊ ရန်ကုန်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ပရိတ်တရားတော်ကိုနားယူခြင်း
၎။ အဖွဲ့၏နာယကဆရာတော်ဘဒ္ဒန္တဇောတိက (ဒုတိယပါမောက္ခချုပ်၊ သာသနာ့တက္ကသိုလ်၊ ရန်ကုန်) က
ဧည့်ပရိတ်သတ်များကို သြ၀ါဒကထာဆုံးမစကားပြောကြားခြင်း
၅။ ဇွဲကပင်ပညာဒါနအသင်း၏ ဖြစ်ပေါ်လာခြင်းအကြောင်းရင်းကို နဲာမေဓာနန္ဒမှ ရှင်းလင်းတင်ပြခြင်း
၆။ ပထမ-၆-လပတ်အတွင်း အသင်း၏၀င်ငွေ၊ ထွက်ငွေစာရင်းများကို အသင်း၏ဘဏ္ဍာရေးမှူး ဆရာတော်
ဦးကုဝေရမှ ရှင်းလင်းပြောကြားခြင်း
၇။ အဖွဲ့၏နာယကဆရာတော်ဘဒ္ဒန္တဇောတိက (ဒုတိယပါမောက္ခချုပ်၊ သာသနာ့တက္ကသိုလ်၊ ရန်ကုန်)က
ဧည့်ပရိသတ်အပေါင်းတို့အား တရားဓမ္မဟောကြားခြင်းနှင့် လှူဒါန်းဖွယ်ရာများဆက်ကပ်လှူဒါန်းပြီး ရေစက်
သွန်းချအမျှပေးဝေခြင်း
၈။ မိဂဒါယဖေါ့မူ.ယှာ့အဖွဲ့မှ အောင်ပြီကဗျာဖြင့် ရွတ်ဆိုပူဇော်ခြင်း
၉။ ဗုဒ်ဓ သာသနံ စိရံ တိဋ္ဌတု - ၃- ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခြင်း

အထက်ပါအခမ်းအနားအစီအစဉ်ဖြင့်  (၁၇) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအစည်း အဝေးကို
အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကျင်းပရာဓာတ်ပုံမှတ်တမ်းများ....
 

TAGGED UNDER: ,

(၁၇) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအလှူပွဲ ဇူလိုင် (၇)ရက်နေ့ကျင်းပမည်

(၁၇) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအလှူပွဲကို ဇူလိုင်လ (၇)ရက်နေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ နွန်
ထဘူရီ၊ ၀တ်နခေါင်အင်ကျောင်းမှာ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ သို့အတွက်ကြောင့် အနီးအဝေးမှာရှိကြ
သော ဇွဲကပင်ပညာဒါနအသင်းမိသားစုများ၊ အလှူရှင်၊အလှူမများအားလုံး ပါဝင်တက်ရောက်နိုင်ရန် အသိ
ပေးနိုးဆော်အပ်ပါသည်။

ဇွဲကပင်ပညာဒါနအသင်းသည် တစ်နှစ်လျှင် (၂) ကြိမ်ဖြင့် အစည်းအဝေးအလှူပွဲကိုကျင်းပလျှက်ရှိပြီး အ
သင်းရဲ့ဝင်ငွေ၊ ထွက်ငွေစာရင်းကိုလည်း၎င်းအစည်းအဝေးမှာရှင်းလင်းတင်ပြနေကြဖြစ်ပါသည်။ အသင်း
ဝင်များအနေဖြင့် မိမိပါဝင်လှူဒါန်းထားတာလေးတွေကို ရေစက်သွန်းချအမျှပေးဝေနိုင်ဖို့ ပါဝင်တက်ရောက်
နိုင်ရန်ဖိတ်ကြားအပ်ပါသည်။

(၁၇) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအလှူပွဲ အတွက် ၀တ်နခေါင်အင်ကျောင်းမှာသန့်ရှင်းရေး
ဆောင်ရွက်နေကြ အသင်းဝင်များ....


TAGGED UNDER: ,

ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်း နွေရာသီအင်္ဂလိပ်စာသင်တန်းအပြီး အမှတ်တရဓာတ်ပုံ

ဘားအံမြို့၊ ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်း (ခွယ်ကဘောင်ပညာ့ဖေါ့ကလိုဘယာ)တွင် ပို့ချခဲ့သော Summer English Course အပြီး ကျောင်းသားများစုပေါင်းအမှတ်တရဓာတ်ပုံဖြစ်ပါတယ်။ အခုအဆောက်အဦးပိုင်းအခက်အခဲရှိနေသည့်အ တွက် သင်တန်းများပို့ချဖို့အခက်အခဲအနည်းငယ်ရှိနေတာအမှန်ပဲ။ လာမည့်နှစ်ဒီဇင်ဘာလလောက်အကုန်ဆိုရင် နေရာ ထိုင်ခင်းတော်တော်များအဆင်ပြေတော့မှာဖြစ်သည့်အတွက် ကျနော်တို့သင်တန်းတွေလည်း ဒီထက်အချိန်ပေးနိုင်တော့ မှာဖြစ်တဲ့အကြောင်း အလှူရှင်များအားအသိပေးပါတယ်။

TAGGED UNDER: ,

သိမ်ကျောင်းဆောင်တည်ဆောက်ခြင်းပြီးစီးမှုတစ်စိတ်တစ်ဒေသ

ဘားအံမြို့၊ခွယ်ကဘောင်ပညာဥယာဉ်ကျောင်းတွင်ဇွဲကပင်ပညာဒါနအသင်းသူအသင်းသားနဲ့အများဒါယကာ
အင်းအားဖြင့် တည်ဆောက်လျှက်ရှိသော သိမ်ကျောင်းဆောင်တည်ဆောက်ခြင်းပြီးစီးမှုတစ်စိတ်တစ်ဒေသ
ကို အဖွဲ့သူအဖွဲ့သားများသိရှိနိုင်ရန် အလျှင်းသင့်သလိုတင်ပြပေးခြင်းဖြစ်ပါတယ်။
သိမ်ကျောင်းဆောင်ကို လက်သမားအခက်အခဲကြောင့်မျှော်မှန်းထားတဲ့အချိန်အတိုင်း မပြီးခဲ့ပါ။ သို့သော်က
ထိန်လအမှီ ကျောင်းမှာအဓိကလုပ်ဆောင်ပေးတဲ့ မာန်နဲာနာဂက အချိန်ပြည့်ကြိုးစားနေပါတယ်။ ခေါင်းမိုး
ပိုင်းပြီးစီးသွားရင် ကျန်တဲ့အပိုင်းမှာမကြာတော့ပါဘူး။

နောက်ပြီးသိမ်ကျောင်းဆောင်တည်ဆောက်တဲ့တစ်ချိန်တည်းမှာပဲ အခြားစာသင်သား၊ သင်တန်းများပို့ချနိုင်
မယ့်သုံးထပ်ဆောင်သစ်တစ်ခုကိုလည်း မကြာမှီသိမ်ကျောင်းဆောင်နဲ့အတူပြီးစီးမယ်လို့မျှော်လင့်ရပါတယ်။
အခုအသိပေးချင်တာက ဒီအဖွဲ့နဲ့ပတ်သက်ပြီးထောက်ပံ့လှူဒါန်းကြတဲ့အလှူရှင်၊ မများအားလုံး လှူဒါန်းမှု
တွေဟာ စနစ်တကျဇွဲကပင်ပညာဒါနအသင်းအဖွဲ့ဝင်ကော်မတီများ အသုံးပြုနေပါတယ်ဆိုတာကိုလည်းသိ
စေချင်ပါတယ်။

အားလုံးပျော်ရွှင်ကြပါစေ...

TAGGED UNDER:

ပြည်ပပညာတော်သင်ကရင်ရဟန်းတော်များ လက်ကမ်းစာရွက်ပုံ

ပြည်ပပညာတော်သင်ကရင်ရဟန်းတော်များရဲ့ ပန်းဖလက် လက်ကမ်းစာဆောင်ကို မိမိကရင်များအလွယ်
တကူရယူ နို်င်ရန်တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။ ဒီလက်ကမ်းစာရွက်မှာ တစ်ချို့ဦးဇင်းများရဲ့ပုံများသည်
အကြောင်းအမျိုးမျိုး ကြောင့်မပါပါ။ ဘာပဲပြောပြောကျနော်ဇွဲကပင်ပညာဒါနအသင်းသည် မိမိလူမျိုးများ
အတွက် အဓိကလိုအပ်ချက်ဖြစ် သောပညာရေးနယ်ပယ်မှာတထောင့်တနေရာကနေမြင့်တင်ပေးခြင်းဖြစ်
ပါတယ်။

တစ်ချို့ကပြောသံတွေကြားနေရတယ်။ ဒီအဖွဲ့ဟာဘာသာရေးကိုသာလုပ်ဆောင်နေတာပါ။ ကျနော်ဆွေး
နွေးခဲ့ဖူးပါ တယ်။ ဘာသာရေးအလုပ်ဆိုတာ တရားထိုင်ခြင်း၊ စာပေကျမ်းဂန်လေ့လာခြင်းတို့ဖြစ်ပါတယ်။ အခုဒီအဖွဲ့လုပ်နေတာ က လူသားတို့ရဲ့လိုအပ်ချက်၊ အမျိုးသားများရဲ့လိုအပ်ချက်ဖြစ်တဲ့ ပညာရေးနဲ့ အမျိုးသားရေးအမြင်မြင့်တင်နိုင်ဖို့ နည်းမှန်လမ်းမှန် အမျိုးသားရေးအတွက်သယ်ပိုးနိုင်ဖို့ဆိုတာတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။

 ဥပမာ ပွင့်ပွင့်လင်းလင်းပြောရရင် ဘာသာစကားလေ့လာတာ နည်းပညာပိုင်းလေ့လာတာတွေဟာ ဘာသာရေးအ တွက်တစ်ခုတည်းမဟုတ်ဖူးဆိုတာသိစေချင်တယ်။ ဒါဆိုဘာအတွက်လဲ အမျိုးသားရေး အတွက်ဖြစ်တယ်ဆိုတာ မြင်တတ်ဖို့လိုလိမ့်မယ်။ ကျနော်ဒီလိုပြောရခြင်းသည် ဒို့ကရင်များသည် အလုပ် တစ် ခုခုကိုလုပ်လိုက်ရင် ရေရှည် ဖြစ်မယ့်အကျိုးရှိမယ့်အလုပ်မျိုး နည်းမှန်လမ်းမှန်ဖြစ်စေမယ့်လုပ်ဆောင် မျိုးကို အင်မတန်တွေ့ရခဲပါတယ်။ မရှိတာ တော့မဟုတ်ပါဘူး။ ရှိပါတယ်။ နည်းတယ်။ ဖြစ်ချင်တာကိုပဲ ဦးစားပေးကြတာများတယ်။ ဖြစ်သင့်တာကိုတော့ သိပ်မဦးစားချင်ကြဘူး။ ဒါသည်ပင်လျှင်
 နောက်ကြခြင်းရဲ့ အကြောင်းတရားဖြစ်ပါတယ်။

ကိုယ့်ကိုအထင်ကြီးနေတာထက် ကိုယ့်ကိုဘာလိုအပ်သလဲ - သိဖို့ပဲလိုပါလိမ့်ပါမယ်။ ကမ္ဘာကြီးနဲ့ကိုမကြည့်ပါနဲ့ အုန်း ကိုယ့်တိုင်းရင်းသားအချင်းချင်းကိုပဲ အရင်ယှဉ်ကြည့်စေချင်တယ်။

အှ်ဆံင့်လာ.ဆာ်....

Karen Monks (Students) Overses ပြည်ပပညာတော်သင်ကရင်ရဟန်းတော်များ

TAGGED UNDER:

ဝတ်နခေါင်အင်ကျောင်း (နွန်ထဘူရီ) သင်္ကြန်ပွဲအလှူ

 နှစ်စဉ်နှစ်တိုင်းကျရောက်သည့်သင်္ကြန်ပွဲတော်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ၀တ်နခေါင်အင်ကျောင်း (နွန်
ထဘူရီ)တွင် ၁၄-၄-၂၀၁၃ တနင်္ဂနွေနေ့ ဘန်ကောက်ဝန်းကျင်တ၀ိုက်မှာရှိကြတဲ့ကရင်လူမျိုးစုစုပေါင်းလေး
ရာကျော်ဖြင့်အလှူဒါနလာရောက်ပြုလုပ်ခဲ့ကြပါသည်။ နှစ်သစ်မှာ ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံစေ
ရန်ရည်သန်ပြီး ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဓမ္မကိုနာယူခြင်းကုသိုလ်
ကောင်းမှုတွေကိုပြုလုပ်ခဲ့ပါသည်။

မာန်နဲာနိမလ (BA/MA/Ph.D thesis-india) က ဧည့်ပရိတ်သတ်အပေါင်းတို့အားတရားရေအေးဟောကြား
ခဲ့ပါသည်။

အလှူပွဲမှတ်တမ်းဓာတ်ပုံ...

TAGGED UNDER:

မာန်နဲာကုဝေရ မွေးနေ့အလှူပွဲဓာတ်ပုံမှတ်တမ်း

၂၀၁၃-ခုနှစ် လွန်ခဲ့သော (၂)လပိုင်း ၂၄-ရက် တနင်္ဂနွေနေ့တုန်းက မာန်နဲာကုဝေရ (နွန်ထဘူရီ)သက်တော်
(၅၀)ပြည့်မွေးနေ့ပွဲကို ၀တ်နခေါင်အင်၊ နွန်ထဘူရီ၊ ဘန်ကောက်မှာကျင်းပခဲ့ပါသည်။

ထိုမွေးနေ့ပွဲမှာ ဧည့်ပရိတ်သတ်လေးရာခန့်လာရောက်ကြပြီး မနက် (၉)နာရီအချိန်တွင် မာန်နဲာကုဝေရ (၅၀)ပြည့်မွေးနေ့အတွက် တကာ၊တကာမများကဆုတောင်းပေးခဲ့ကြပါတယ်။

မနက် (၁၀.၃၀)အချိန်တွင် ၀တ်နခေါင်အင်ကျောင်းထိုင်းဆရာတော်ထံမှ ငါးပါးသီလခံယူပြီး တစ်ဆက်
တည်းမှာပဲ သံဃာတော်များအားဆွမ်းဆက်ကပ်လှူဒါန်းကာရေစက်သွန်းချအမျှပေးဝေခဲ့ပါသည်။

ထိုနောက်နေ့လည် (၁၂.၃၀)အချိန်တွင် ကရင်ဘာသာဖြင့်တရားများနာယူပြီး ကြွှရောက်လာကြတဲ့ဆရာ
တော်များအားလှူဒါန်းဖွယ်ရာပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

Text Widget

Notification...!အသိပေးခြင်း...

Hello, everybody. This Blog will present news, articles, poems, religious knowledge and, culture and traditions of Karen ethnic group, etc. Regarding religious knowledge, we believe that everyone has his or her respective human rights that one can freely worship what religion he likes as well as he has a chance to undertake his or her own welfare and others’. Thus, although this KDA organization is aimed for the development of education of our Karen Monks, it will also pay attention to both our Karen national ethnic group and religious affairs, especially, for our new generation. It should be aware of that in this Blog, there will not be allowed to present news, articles photos and poems concerning the religious conflicts, usages of dispute and controversy, the facts that can make harmful to others, religious attraction, stimulating other people to convert to one’s religion and the discrimination of religion and something like that in this Chat box.{Kwekabaung Dana Association - K.D.A}

Recent Articles

မာန်နဲာဉာဏောဒယ(ခ်ုလိုဝ်) မာန်နဲာသုစိတ္တ(လာကဒေါင်)
Proudly Powered by Blogger.