1

1
Showing posts with label news. Show all posts
Showing posts with label news. Show all posts
TAGGED UNDER:

နွေရာသီအင်္ဂလိပ်စာသင်တန်း {Summer Englsih Course}

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ကုန်း၊ ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်းတွင် နှစ်စဉ်ဖွင့်လှစ်နေကြဖြစ်သော နွေရာသီ
အင်္ဂလိပ်စာသင်တန်းကို (၃၀-၃-၂၀၁၄) တနင်္ဂနွေနေ့မှာစတင်ဖွင့်လှစ်ခဲ့ပါသည်။ ၎င်းအင်္ဂလိပ်စာသင်တန်းကို ဧပြီး၊ မေလ
နှစ်လတိုင်တိုင်ဖွင့်လှစ်မည်ဖြစ်ပါသည်။ ကျောင်းသူ၊ ကျောင်းသားဦးရေ သုံးဆယ်ငါးယောက်ဖြင့် တက်ရောက်သင်ယူခဲ့ပါ
သည်။

သင်တန်းသူ၊ သင်တန်းသားများ

TAGGED UNDER: ,

(18)ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း ကြိုတင်ညှိနှိုင်းအစည်းအဝေး

(18)ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအစည်းအဝေးကို (၁၉-၁-၂၀၁၄) တနင်္ဂနွေနေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်၊
နွန်ထဘူရီ၊ ၀တ်နခေါင်အင်ကျောင်းတွင် ကျင်းပမည်ဖြစ်ပါသည်။ ၎င်းအစည်းအဝေးဖြစ်မြောက်ရေးအတွက် ကြို
တင်ညှိနှိုင်းအစည်းအဝေးကို (၅-၁-၂၀၁၄) တနင်္ဂနွေနေ့တွင် ပြုလုပ်ခဲ့ပြီး ကျွေးမွေးဧည့်ခံရေးအတွက် တာဝန်ယူ
မည့်အလှူရှင်များကို စာရင်းပေးမှတ်သားခဲ့ကြပါသည်။

ကြိုတင်ညှိနှိုင်းအစည်းအဝေးတွင် သွားရေးလာရေးခက်ခဲမှုကြောင့် အရေးကြီးတဲ့ပုဂ္ဂိုလ်များသာလာရောက်ကြ
ပါသည်။ (၁၉-၁-၂၀၁၄) တနင်္ဂနွေနေ့ ကျင်းပမည့်အစေည်းအဝေးကို အနီးအဝေးအလှူရှင်များအားလုံးလာ
ရောက်အတူတရားနာ၊ ရေစက်ချကြွရောက်နိုင်ရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

ဇွဲကပင်ပညာဒါနအသင်း

TAGGED UNDER:

သီရိလင်္ကာနိုင်ငံသို့ ကျောင်းသွားတက်မည့် မြန်မာနိုင်ငံက ရဟန်းတော်များသိထားရမည့်အချက်အလက်


သီရိလင်္ကာနိုင်ငံသို့ ကျောင်းသွားတက်မည့် မြန်မာနိုင်ငံက ရဟန်းတော်များသိထားရမည့်အချက်အလက်အချို့
ကိုတင်ပြချင်ပါသည်။ အရင်က သီရိလင်္ကာနိုင်ငံသို့ ကျောင်းသွားတက်မည့် မြန်မာနိုင်ငံက ရဟန်းတော်များအ
နေဖြင့် Tourist Visa လျှောက်ပြီး ဟိုရောက်မှ Student Visa or Religion Visa လျှောက်ရပါသည်။ ဒီ ၂၀၁၄
ကစပြီး အဲဒီအခွင့်အရေးကို မရတော့ပါ။ သူတို့ရဲ့ Procedure -လုပ်ထုံးလုပ်နည်းတွေကို ပြောင်းလဲလိုက်ပါပြီ။

အခုဆိုရင် ၂၀၁၄ ကစပြီး သီရိလင်္ကာနိုင်ငံသို့ ကျောင်းသွားတက်မည့် မြန်မာနိုင်ငံက ရဟန်းတော်များအနေ
နဲ့ မိမိနိုင်ငံမှာပဲ သီရိလင်္ကာသံရုံးမှာ Student Visa ကို တစ်ခါတည်းလျှောက်ရပါမယ်။ အဲဒီ Student Visa
ရှိမှ၊ ရမှသာလျှင် သီရိလင်္ကာနိုင်ငံ တက္ကသိုလ်တစ်ခုခုမှာ ကျောင်းတက်နိုင်မှာဖြစ်ပါသည်။ Student Visa
လျှောက်ဖို့ရန် အောက်ပါအချက်အလက်များကို လိုအပ်မှာဖြစ်ပါသည်။

၁။ Original Certificate မူရင်း ဘွဲ့လက်မှတ်
၂။ It's Notary ၎င်းဘွဲ့လက်မှတ်ရဲ့ ဘာသာပြန်နိုထရီ
၃။ Grade's list အမှတ်စာရင်း (မူးရင်းမြန်မာ၊ အင်္ဂလိပ်ဘာသာပြန်)
၎။ Passport Copy ပတ်စ်ပို့မိတ္တူ

အထက်ပါအချက်အလက်တွေကို စုဆောင်းပြီးလျှင် သီရိလင်္ကာနိုင်ငံမှာရှိတဲ့ မိမိသူငယ်ချင်းတစ်ပါးပါးထံ
ဆက်သွယ်ပို့ပေးရမှာဖြစ်ပါသည်။ ၎င်းသူငယ်ချင်းက အထက်ကအချက်အလက်များကိုယူဆောင်ပြီး
သီရိလင်္ကာနိုင်ငံ Higher Education Office နဲ့ Emigration Office မှာ သွားရောက်တင်ပြရမှာဖြစ်ပါသည်။
၎င်းတို့က အဲဒီအချက်အလက်ပေါ်မှာ လက်မှတ်ထိုးပေးပြီးရမည်ဖြစ်ပါသည်။ ၎င်းအချက်အလက်များပြည့်စုံ
ပြီးဆိုလျှင် မြန်မာနိုင်ငံမှာကျောင်းတက်မည့်ရဟန်းတော်များထံ ပြန်ပို့ပေးပြီး အဲဒီစာရွက်စာတန်းနဲ့ မြန်မာ
နိုင်ငံ၊ သီရိလင်္ကာသံရုံးတွင် Student Visa လျှောက်ရမည်ဖြစ်သည်။

Student Visa ရရှိပြီးသော ပုဂိုလ်မှ သီရိလင်္ကာနိုင်ငံ၊ တက္ကသိုလ်တစ်ခုခုမှာ အလွယ်တကူကျောင်းတက်
နိုင်မည်ဖြစ်ကြောင်း အသိပေးခြင်းဝေမျှခြင်းဖြစ်ပါသည်။

ဇွဲကပင်ပညာဒါနအသင်း

အသေးစိတ်သိလိုလျှင် အောက်ဖိုင်ကိုရယူပြီး ဖတ်ပါ...

TAGGED UNDER: ,

ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်း (ဘားအံ) စုပေါင်းမဟာကထိန်

ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်း (ဘားအံ) စုပေါင်းမဟာကထိန်အလှူပွဲကို ကရင်ပြည်နယ်၊ ဘားအံမြို့၊
အမှတ်(၉) ရပ်ကွက်၊ ခွယ်ကဘောင်ပပညာဥယျာဉ်ကျောင်း၌ (၁၅-၁၁-၂၀၁၃) စနေနေ့တွင် ကျင်းပပြု
လုပ်ခဲ့ပါသည်။ ထိုအလှူပွဲ၌ ၂၀၀၈-ခုနှစ်တွင် ဇွဲကပင်(ခွယ်ကဘောင်)ပညာဒါနအသင်း၏ စတင်တည်
ဆောက်ခဲ့သော "ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်း"အတွင်း တည်ဆောက်ပြီးစီးသောအုဌ်တံတိုင်း၊
သိမ်ကျောင်းဆောင်၊ သုံးထပ်ကျောင်းဆောင်တို့ပါ ရေစက်သွန်းချအမျှပေးဝေအလှူဒါနပြုခဲ့ကြပါသည်။

၎င်းဘားအံတွင် တည်ဆောက်ခဲ့သော "ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်း" သည် ဘုန်းတော်ကြီး
ပညာရေးနှင့်လောကီပညာရေး ( English Speaking, Computer Course, ကရင်စာပေ၊ ယဉ်ကျေး
မှုသင်တန်းများ) ပေါင်းစပ်ပြီး သင်ကြားပို့ချနိုင်ရန် ရေရှည်ရည်မှန်း၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။
အခုဆိုလျှင် ကျောင်းဆောင်နေရာအသင့်အတင့်ရှိလာပြီးဖြစ်၍ အထက်ပါသင်တန်းများကို နွေရာ
သီပိုင်းမှာလိုအပ်သလို တာဝန်ခံဆရာတော်နဲ့တိုင်ပင်ကာ ဖွင့်လှစ်နိုင်တော့မည်ဖြစ်သည်။ ကျန်တဲ့
ပညာရေးသင်ထောက်ကူပစ္စည်းများအတွက် လိုအပ်မှုများစွားရှိအုန်းမှာပါ။

ဒါကြောင့် ထိုကျောင်းဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းထောက်ပံ့ကူညီပေးခဲ့သောအလှူရှင်များ
မှာ အများစုထိုင်းနိုင်ငံတွင် လာရောက်အလုပ် လုပ်ကိုင်ကြတဲ့ ကရင်ပြည်နယ်အနယ်အနယ်အရပ်ရပ်မှ
ကရင်လူမျိုးတွေပဲဖြစ်ပါသည်။ နည်းများမဆို ပါဝင်လှူဒါန်းခဲ့ကြတဲ့ အလှူရှင်များအားလုံး ဒီရေစက်ချ
အလှူပွဲမှာ ထပ်တူထပ်မျှဝမ်းမြောက်ကုသိုလ်ရကြပါစေလို့ အသိပေးရေးသားလိုက်ပါသည်။

ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်း (ဘားအံ) စုပေါင်းမဟာကထိန်အလှူပွဲ ဓာတ်ပုံ

သိမ်ကျောင်းမတည်အလှူရှင်

သိမ်ကျောင်းဆောင်

သုံးထပ်ကျောင်းဆောင်

TAGGED UNDER: ,

ဇွဲကပင်ပညာဒါနအသင်း (ဘန်ကောက်) ကထိန်အလှူပွဲကျင်းပပြီးစီး

ဇွဲကပင်ပညာဒါနအသင်း (ဘန်ကောက်) စုပေါင်းမဟာဘုံကထိန်အလှူပွဲကို ထိုင်းနိုင်ငံ၊ နွန်ထဘူရီ၊ ၀တ်နခေါင်အင်
ကျောင်းတွင် (၁၀-၁၁-၂၀၁၃) တနင်္ဂနွေနေ့ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ ထိုင်းနိုင်ငံသို့ရောက်ရှိလာကြသော
အလှူရှင်၊ အလှူမများငါးရာကျော်ဖြင့်လာရောက်လှူဒါန်းခဲ့ကြပါသည်။
အခမ်းအနားအစီအစဉ်မှာအောက်ပါအတိုင်းကျင်းပပြုလုပ်ခဲ့ပါသည်....

၁။ နံနက် (၁၁)နာရီအချိန်တွင် ကြွရောက်လာကြသောသံဃာတော်များအားဆွမ်းဆက်ကပ်လှူဒါန်းကြပြီး တစ်ဆက်
တည်းမှာပဲ နွန်ထဘူရီ၊ ၀တ်နခေါင်အင်ကျောင်းဆရာတော်နှင့်တကွ သံဃာတော် (၉)ပါးအား ထိုင်းဘာသာဖြင့် က
ထိန်သင်္ကန်းလှူဒါန်းပါသည်။

၂။ ထိုနောက် (၁၂) နာရီအချိန်တွင် မြန်မာအစီအစဉ်ဖြင့်ပြုလုပ်ခဲ့ကြပါသည်။ ရှေ့ဦးစွာဧည့်ပရိတ်သတ်အပေါင်းတို့
က ရန်ကုန်တိုင်း၊ မှော်ဘီမြို့၊ ဓမ္မမာမကမဟာစည်သာသနာ့ရိပ်သာကျောင်း ဆရာတော်ဘဒ္ဒန္တအိန္ဒကထံငါးပါးသီလ
ခံယူခြင်း၊ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ တရားတော်နာယူခြင်း၊ ရေစက်သွန်းချအမျှပေးဝေခြင်း-စတဲ့အစီအ
စဉ်ဖြင့်ကျင်းပပြုလုပ်ခဲ့ပါသည်။


ဓမ္မမာမကမဟာစည်သာသနာ့ရိပ်သာကျောင်း ဆရာတော်ဘဒ္ဒန္တအိန္ဒက

အလှူပွဲမှာရရှိတဲ့ အလှူငွေအားလုံးကို (၁၆-၁၁-၂၀၁၃) တန်ဆောင်မုန်းလဆန်း (၁၄)ရက်နေ့ ကရင်ပြည်နယ်၊
ဘားအံမြို့၊ ခွယ်ကဘောင်ပညာဥယျာဉ်၏ကထိန်၊ သိမ်၊ သုံးထပ်ကျောင်းဆောင်အလှူပွဲအတွက် အသုံးပြုလှူ
ဒါန်းသွားမှာဖြစ်ပါသည်။

ဒီအလှူပွဲဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းကြသောအလှူရှင်များ၊ ၀ိုင်းဝန်းကူညီကြတဲ့ပုဂိုလ်များအားလုံးကို
ဇွဲကပင်ပညာဒါနအသင်မှ အထူးကျေးဇူးတင်ရှိပါကြောင်း ဒီနေရာကနေအသိပေးပါသည်။

ကထိန်အလှူပွဲကျင်းပဓာတ်ပုံ

TAGGED UNDER:

ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်းကထိန်၊ သိမ်၊ သုံးထပ်ကျောင်းဆောင်အလှူပွဲဖိတ်ကြားခြင်း


သိမ်ကျောင်းမပြီးခင်ပုံ

 
သုံးထပ်ဆောင်မပြီးခင်ပုံ 

ကရင်ပြည်နယ်၊ ဘားမြို့၊ ဇွဲကပင်ကုန်း၊ အမှတ် (၉)ရပ်ကွက်တွင် ဇွဲကပင်ပညာဒါနအသင်းမှဦးဆောင်တည်ဆောက်
လျှက်ရှိသော ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်း၏ မဟာဘုံကထိန်ပွဲတော်နှင့် သိမ်၊ သုံးထပ်ကျောင်းဆောာင်အ
လှူရေစက်ချပွဲကို ၁၃၇၅-ခု တန်ဆောင်မုန်းလဆန်း (၁၄)ရက် စနေနေ့ (၁၆-၁၁-၂၀၁၃)တွင် စီရင်ကျင်းမှာဖြစ်ပါ
သည်။
အသင်း၏ (၂၀၀၅)ခုနှစ်မှစတင်ကာ မိမိချွေးနည်းစွာဖြင့်အားပေးထောက်ပံ့လှူဒါန်းခဲ့ကြသောအလှူရှင်၊ အလှူမ
များအားလုံး ပါဝင်ရေစက်သွန်းချအမျှပေးဝေနိုင်ရန် အကျိုးမျှော်၍ဖိတ်ကြားအပ်ပါသည်။ အဝေးမှာရှိကြသောအ
လှူရှင်များအနေဖြင့်လည်း မိမိလှူဒါန်းထားသည်များကို သာဓုခေါ်ဆိုနိုင်ရန်ဒီဘလော့ကနေအသိပေးခြင်းဖြစ်ပါ
သည်။

ဇွဲကပင်ပညာဒါနအသင်း

TAGGED UNDER: ,

သိမ်ဆောင်နှင့်သုံးထပ်ဆောင်တည်ဆောက်ပြီးစီးမှုအနေအထား

ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်း (ဘားအံ) သိမ်ဆောင်နှင့်သုံးထပ်ဆောင်တည်ဆောက်ပြီးစီးမှုအစိတ်အပိုင်းတွေကို
ထောက်ပံ့သောအလှူရှင်းများသိရှိနိုင်အောင် အလျှင်းသင့်သလိုတင်ပြပေးသွားမှာဖြစ်ပါသည်။ ၎င်းအဆောင်တို့ကို လာ
မည့်ကထိန်ခင်းအချိန်မှီအောင် နောက်ပြီးရေစက်ချနိုင်အောင် အားသွန်ခွန်စိုက်တည်ဆောက်လျှက်ရှိပါသည်။ အကယ်
၍ မပြီးစီးသေးသောအစိတ်အပိုင်းများအတွက် ပါဝင်လှူဒါန်းလိုလျှင် မာန်နဲာကုဝေရ (နွန်ထဘူရီ ၊ ထိုင်းနိုင်ငံ) ကိုသော်
၎င်း ဦးနာဂ၀ံသ (လက်ရှိကျောင်းတာဝန်ခံ)ထံသို့၎င်း ဆက်သွယ်ပြီးလှူဒါန်းနိုင်သည့်အကြောင်း အသိပေးနိုးဆော်အပ်
ပါသည်။

လက်ရှိသိမ်ဆောင်နှင့်သုံးထပ်ဆောင်တည်ဆောက်ပြီးစီးမှုအနေအထား





ဆက်သွယ်ရန် ။

မာန်နဲာကုဝေရ (နွန်ထဘူရီ ၊ ထိုင်းနိုင်ငံ) ဖုန်း = ၀၈၅၁၃၇၇၉၆၄ (Phone - 0851377964)
မာန်နဲာနာဂ၀ံသ (လက်ရှိခွယ်ကဘောင်ပညာ့ဥယျာဉ်ကျောင်းတာဝန်ခံ) ဖုန်း = ၀၀၄၉၅-၉၄၂၅၀၁၁၉၀၄ (00495-9425011904)

TAGGED UNDER:

ပြည်ပရဟန်းတော်များ ထိုင်းနိုင်ငံဗီဇာသက်တန်းတိုးတာနဲ့ပတ်သက်ပြီး သိထားရမည့်အချက်အလက်များ

ထိုင်းနိုင်ငံမှာသီတင်းသုံးနေထိုင်ကြတဲ့ မြန်မာနိုင်ငံမှရဟန်းတော်များ အထူးအားဖြင့် ကျောင်းလာတက်ကြတဲ့ကျောင်းသား
ရဟန်းတော်များအတွက် ဗီဇာလုပ်တာ၊ သက်တန်းတိုးတာနဲ့ပတ်သက်ပြီး သိသင့်သိထိုက်တဲ့အချက်အလက်များကို တင်
ပြပေးချင်ပါတယ်။ (၂၀၁၃) နှစ်တွင် ပြည်ပနိုင်ငံရဟန်းတော်များ ဗီဇာတိုးခြင်းနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ သံဃာ့အဖွဲ့
အစည်းမှ ထုတ်ပြန်ထားတဲ့စည်းမျဉ်းစည်းကမ်း Procedure, Regulation, Rule တွေကို ထုတ်ပြန်ထားတာရှိပါတယ်။
ကျနော်အမြင်အရဆိုလျှင် ပြည်ပနိုင်ငံမှ ပညာလာသင်တဲ့ရဟန်ုးတော်များထပ်မံကန့်သတ်တဲ့သဘောလည်းဖြစ်နိုင်ပါ
တယ်။ နံပါတ် (၄) အချက်ကို ကြည့်လိုက်လျှင် သာမန်ရဟန်းတော်တစ်ပါးအနေနဲ့ အဲလောက်ဘဏ်အကောင့်ပမာဏ
ဟာ သူ့အတွက်အခက်အခဲရှိမှာအမှန်ပဲ။ ဒီစည်းမျဉ်းစည်းကမ်းထုတ်ပြန်ရတာ အကြောင်းကတော့ရှိမယ်ထင်ပါတယ်။
(၁) စည်းကမ်းမရှိတဲ့ စည်းကမ်းမလိုက်နာတဲ့ ပြည်ပသံဃာတော်များကို ကန့်သတ်လိုခြင်း
(၂) ထိုင်းနိုင်ငံမှာ တနေ့တစ်ခြားများပျားလာတဲ့ ပြည်ပကျောင်းသားရဟန်းတော်များကို ကန့်သတ်လိုခြင်း -အားဖြင့်
အကြမ်းဖျင်းသိနိုင်ပါတယ်။
ဗီဇာသက်တန်းတိုးတာနဲ့ပတ်သက်ပြီးထုတ်ပြန်တဲ့စည်းမျဉ်းစည်းကမ်း Procedure, Regulation, Rule တွေကို
အောက်ပါ မူးရင်းထုတ်တဲ့ (ထိုင်း) စာအတိုင်းဘာသာပြန်ထားခြင်းဖြစ်ပါတယ်။

ပြည်ပကျောင်းသားရဟန်းတော်များအတွက် ထိုင်းနိုင်ငံဗီဇာသက်တန်းတိုးရန် အချက်အလက်

၁။ ပေးထားသောစာရွက်စာတန်းများကို ဘန်ကောက်တိုင်းဥက္ကဋ္ဌကျောင်းသို့ တစ်ဆောင်တင်ရမည်။

၂။ ပေးထားသောစာရွက်စာတန်းများကို ထိုင်းနိုင်ငံ သာသနာရေးဦးစီးဌာနသို့တစ်ဆောင်တင်ရမည်။

၃။ ပေးထားသောစာရွက်စတန်းများကို immigration လ.၀.က ရုံးသို့တစ်ဆောင်တင်ရမည်။

၎။ ရေးသားဖြည့်စွက်ရမည့် စာရွက်စာတန်းများမှာ....
(က) မိမိနေထိုင်တဲ့ကျောင်းတိုက်၏ ဆရာတော်ထောက်ခံစာ
(ခ)မိမိပညာသင်ယူတဲ့ ကျောင်း၊ တက္ကသိုလ်၏ ထောက်ခံစာ.....ထိုတွင် မိမိဖြေဆိုထားတဲ့ အတန်းဆိုင်ရာရမှတ်
တွေကို ထည့်သွင်းပေးရမည်။
(ဂ) စပွန်စာပေးသောပုဂိုလ်၏ထောက်ခံစာ....စပွန်စာပေးသူက
ကျောင်းထိုင်ဆရာတော်ဖြစ်လျှင် ၎င်း၏ဘဏ်နံပါတ်ကိုပြရပါမည်။ ဒါမှမဟုတ်လျှင် လက်ထောက်ဆရာတော်ဘဏ်၊
ကျောင်းရန်ပုံငွေဘဏ်၊ ထောက်ပံ့သူ၏ဘဏ်၊ ကိုယ်တိုင်ဘဏ်တစ်ခုခုပြရပါမည်။ ၎င်းအပြင်...
ထိုင်းဘုန်းတော်ကြီးကျောင်း ပါဠိဘာသာသင်ယူနေသောပုဂိုလ်များအတွက် ဘတ်ငွေ (၅၀၀၀၀) ငါးသောင်းပြရမည်။
ထိုင်းတက္ကသိုလ်ပညာတက်ရောက်သင်ယူနေသောပုဂိုလ်များအတွက် ဘတ်ငွေ (၁၀၀၀၀၀) တစ်သိန်းပြရမည်။

(၅) ပတ်စ်ပို့မိတ္တူ

(၆) သာသနာဝင်မှတ်တမ်း (သာသနာဝင်မှတ်တမ်းမရှိလျှင်မိမိနေထိုင်တဲ့ကျောင်းထိုင်ဆရာတော်၏ထောက်ခံစာ)

(၇) မိမိအောင်မြင်ထားတဲ့ အတန်းအောင်လက်မှတ်မိတ္တူ

(၈) တရားအားထုတ်သောပုဂိုလ်များအတွက် သံဃာ့အဖွဲ့အစည်းက အသိအမှတ်ပြုထားသောထောက်ခံစာ

မှတ်ချက် = ဆရာတော်ထောက်ခံစာကို ကျောင်းစည်းတံဆိပ်ပါရမည်။ ထောက်ခံစာတိုင်းမှာ မှန်ကန်ကြောင်းလက်
မှတ်ထိုးရပါမည်။ ဗီဇာမကုန်ခင်တစ်လ အနည်းဆုံးသက်တန်းတိုးရမည်။

ဘာသာပြန် = မာန်နဲာကုဝေရ (နွန်ထဘူရီ)

ဖြည့်စွက်ရမည့်ပုံစံများနှင့် မူးရင်းထုတ်ပြန်ချက်စာ



TAGGED UNDER:

ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားများ ကျင်းပ


Source : RFA

karen-wrist-tying-305.JPG
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ သြဂုတ်လ ၂၁ ရက်နေ့က ကျင်းပတဲ့ ကရင်ရိုးရာ ချညဖြူဖွဲ့မင်္ဂလာ အခမ်းအနား ကို တွေ့ရစဉ်

ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားများကို ကရင်တိုင်းရင်းသားတွေ အဓိကနေထိုင်ကြတဲ့ ကရင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးတွေမှာ ဒီနေ့ဝါခေါင်လပြည့်နေ့မှာ ကျင်းပကြပါတယ်။
မြဝတီမြို့ သမဂ္ဂသုခ ဘေးမဲ့ကျောင်းတိုက်မှာ ဒီနေ့ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနား ကျင်းပတာနဲ့ပတ်သတ်ပြီး ပွဲကျင်းပရေးနာယက ဦးစောဘတိုးက RFA ကို ခုလိုပြောပါတယ်။

“အဖိုးအဖွား ၇ ယောက် လင်စုံမယားစုံပေါ့နော်၊ တစ်လင်တစ်မယားစနစ် အဖိုးကအသက်ကြီးလေ ပိုကောင်းလေပေါ့နော်၊ အဲလိုသတ်မှတ်ကြတာပေါ့၊ သူတို့တွေက လိပ်ပြာခေါ်ပေးတယ်၊ ကျနော်တို့တွေက အခမ်းအနားစတော့မယ်ဆိုရင် ရုပ်ချောတဲ့အမျိုးသမီး ၇ ယောက်နဲ့ ကာလသားထဲက ရုပ်ချောချောလေး ၇ ယောက်ကို အဖိုးအဖွားရှေ့မှာထိုင်ပြီးတော့ လိပြာခေါ်ပေးတယ်လေ၊ အဖိုး ၇ ယောက်က မြေးမချောချောလေး ၇ ယောက်ကို ချည်ပေးတယ်၊ အဖွား ၇ ယောက်က မြေးချောချောလေး ၇ ယောက်ကိုချည်ပေးတယ်”

ကရင်တိုင်းရင်းသားတွေအချင်းချင်း စည်းလုံးညီညွှတ်မှုရှိစေတယ်ဆိုတဲ့ အမှတ်အသားတစ်ခုအနေနဲ့ လက်မှာချည်ဖြူဝတ်ထားခြင်းဖြင့် သိနိုင်စေဖို့၊ မကောင်းဆိုးဝါးတွေ မကပ်နိုင်အောင် လိပ်ပြာပြန်ခေါ်ဖို့စတဲ့ ယုံကြည်မှုတွေနဲ့ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားတွေကို ကျင်းပတာဖြစ်တယ်လို့ ပြောကြပါတယ်။
အခုလို ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲကို လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်ကျော်လောက်က စတင်ကျင်းပခဲ့တာဖြစ်ပြီး ဒီနေ့ခေတ် လူငယ်တွေကလည်း ရိုးရာယဉ်ကျေးမှုတွေကို ဆက်လက်ထိန်းသိမ်းသွားဖို့အတွက် ကျင်းပကြတာဖြစ်တယ်လို့ သိရပါတယ်။
ဒီလိုအခမ်းအနားတွေကို ပြည်ပရောက် ကရင်တိုင်းရင်းသားတွေကလည်း ရိုးရာဓလေ့အတိုင်း ကျင်းပခဲ့ကြပါတယ်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တောရဘုန်းတော်ကြီးကျောင်းမှာလည်း ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားတစ်ရပ်ကို ဒေသခံကရင်တိုင်းရင်းသားတွေစုပေါင်းပြီး ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားကျင်းပရတာနဲ့ ပတ်သက်လို့ အခမ်းအနား သဘာပတိ ဆရာကြီး မန်းရွှေနှင်းက အခုလိုပြောပါတယ်။

“ဒီချည်ဖြုဖွဲ့မင်္ဂလာ ကျင်းပခြင်းအားဖြင့် ဒီချည်ဖြူ ကိုယ့်လက်ကို ရောက်လာခြင်းအားဖြင့် ကိုယ့်ကရင် အမျိုးသားတွေကိုလည်း ချစ်မြတ်နိုးဖို့၊ စုစည်းဖို့၊ ညီညွှတ်ဖို့၊ စည်းလုံးဖို့ လိုအပ်သလို အခြားတိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေနဲ့လည်းပဲ အတူတကွ စည်းစည်းလုံးလုံး နေထိုင်သွားနိုင်ဖို့ဆိုတဲ့ သတိတွေကိုလည်းပေးစေတဲ့ ချည်ဖြူမင်္ဂလာဖြစ်ပါတယ်၊ ကိုယ့်ကရင်အမျိုးသားတွေရဲ့ စာပေယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာတွေကို မမေ့မပျောက်အောင်ရယ်၊ ထိန်းသိမ်းဖော်ထုတ်သွားအောင်ရယ် ဆိုပြီးတော့ ကျနော်တို့ ဒီချည်ဖြူဖွဲ့မင်္ဂလာကို ကျင်းပရခြင်းဖြစ်ပါတယ်”

ဒီအခမ်းအနားမှာ ကရင်ဒုံယိမ်းအက၊ ကရင်ရိုးရာအဆိုအတီးတွေနဲ့ ဖျော်ဖြေခဲ့သလို ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုဌာနချုပ်ကပေးပို့တဲ့ သဝဏ်လွှာကိုလည်း ဖတ်ကြားခဲ့ပါတယ်။
အဲဒီသဝဏ်လွှာထဲမှာ ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်ဟာ ဘာသာရေးကို အခြေခံတဲ့ပွဲတော်မဟုတ်ဘဲ ကရင်အမျိုးသားများနှင့် ဆက်နွယ်ပတ်သက်လာသည့် စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အခြေခံတဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတစ်ရပ်ဖြစ်တာကြောင့် ဒီယဉ်ကျေးမှုကို ဖော်ထုတ်တာဟာ မိမိတို့လူမျိုးဂုဏ်သိက္ခာကို ထိန်သိမ်းကာကွယ်စောင့်ရှောက်တာဖြစ်ကြောင်း၊ မျိုးချစ်စိတ်နဲ့ စည်းလုံးညီညွတ်ရေးကို ဖော်ထုတ်ပေးတဲ့ အနှစ်သာရရှိတဲ့ ပွဲတော်တစ်ရပ်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အခမ်းအနားကို ဒေသတွင်း ကရင်တိုင်းရင်းသားတွေနဲ့ စိတ်ဝင်းစားတဲ့ အခြားတိုင်းရင်းသားတွေ၊ နိုင်ငံခြားသားတွေ၊ အထက်တန်းကျောင်းသူကျောင်းသားတွေ အပါအဝင် စုစုပေါင်းအင်အား သုံးထောင်နီးပါး တက်ရောက်ခဲ့ပါတယ်။

TAGGED UNDER: ,

ဇွဲကပင်ပညာဒါနအသင်းဝါဆိုသင်္ကန်းကပ်လှူပွဲနှင့်ကရင်လက်ခြည်ပွဲကျင်းပပြီးစီး

ဇွဲကပင်ပညာဒါနအသင်းဝါဆိုသင်္ကန်းကပ်လှူပွဲနှင့်ကရင်လက်ခြည်ပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ နွန်ထဘူ
ရီ၊ ၀တ်နခွန်အင်ကျောင်းတွင် (၁၁-၈-၂၀၁၃) တနင်္ဂနွေနေ့ကျင်းပပြုလုပ်ခဲ့ပါသည်။ ၀ါဆိုသင်္ကန်းကပ်လှူပွဲ
နှင့်ကရင်လက်ခြည်ပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်ဝန်းကျင်မှာနေကြတဲ့ကရင်လူမျိုးသုံးရာကျော်ဖြင့် တက်
ရောက်ကြပြီး ၀တ်နခွန်အင်ကျောင်းထိုင်းဆရာတော်ကိုးပါးနှင့် ထိုင်းမှာပြည်ပညာလာရောက်သင်ယူကြတဲ့
ကရင်ရဟန်းတော်ကိုးပါးတို့အား နေ့လည်ဆွမ်းဆက်ကပ်ပါသည်။
တစ်ဆက်တည်းမှာပဲ ရောက်ရှိလာတဲ့ဧည့်ပရိတ်သတ်တို့က ဆရာတော်များထံငါးပါးသီလ၊ ပရိတ်တရား၊ ၀ါဆိုသင်္ကန်းဖြစ်ပေါ်လာပုံနှင့်ကရင်လက်ခြည်ပွဲအကြောင်းသိကောင်းစရာတို့ကို နာယူကာ၊ရေစက်သွန်းချ
အမျှပေးပါသည်။ ထိုနောက် ကရင်ရိုးရာလက်ခြည်ပွဲမင်္ဂလာကို ဆက်လက်ကျင်းပပြီး ရောက်လာသော
ကရင်လူမျိုးများက တစ်ဦးနဲ့တစ်ဦးခြည်ဖြူဖြင့်လက်များခြည်ပေးခဲ့ကြပါသည်။
ရောက်လာကြတဲ့ဧည့်ပရိတ်သတ်အားလုံးကို ဇွဲကပင်ပညာဒါနအသင်းမှအထူးကျေးဇူးတင်ရှိပါကြောင်းကို
ဒီကနေအသိပေးအပ်ပါသည်။

မှတ်တမ်းဓာတ်ပုံများ

Text Widget

Notification...!အသိပေးခြင်း...

Hello, everybody. This Blog will present news, articles, poems, religious knowledge and, culture and traditions of Karen ethnic group, etc. Regarding religious knowledge, we believe that everyone has his or her respective human rights that one can freely worship what religion he likes as well as he has a chance to undertake his or her own welfare and others’. Thus, although this KDA organization is aimed for the development of education of our Karen Monks, it will also pay attention to both our Karen national ethnic group and religious affairs, especially, for our new generation. It should be aware of that in this Blog, there will not be allowed to present news, articles photos and poems concerning the religious conflicts, usages of dispute and controversy, the facts that can make harmful to others, religious attraction, stimulating other people to convert to one’s religion and the discrimination of religion and something like that in this Chat box.{Kwekabaung Dana Association - K.D.A}

Recent Articles

မာန်နဲာဉာဏောဒယ(ခ်ုလိုဝ်) မာန်နဲာသုစိတ္တ(လာကဒေါင်)
Proudly Powered by Blogger.