1
1
TAGGED UNDER:
နော်ဝေနိုင်ငံမှ ဏင်ဃှီ့ဆိင့်ပြင် ခွဲါကွင်ပညာ့ဆ်ုဝုံးကုံလွဲာသို့ အလှူငွေလှူဒါန်း
နော်ဝေနိုင်ငံသို့ ရောက်ရှိနေသော ကရင်အမျိုးသမီးဏင်ဃှီ့ဆိင့်ပြင်သည် ပြည်ပတွင်ပညာသင်ကြားနေသော
ကရင်ရဟန်းတော်များအား ပညာသင်စရိတ်ထောက်ပံ့ပေးနေသော ခွဲါကွင်ပညာ့ဆ်ုဝုံးကုံလွဲာအဖွဲ့ကို တလလျှင်
ဘတ်ငွေ (၁၀၀)နှုံးဖြင့် ဆယ်နှစ်အတွက်(အဖွဲ့ဝင်အဖြစ်)ဘတ်ငွေ (၁၂၀၀၀) တစ်သောင်းနှစ်ထောင်
US ဒေါ်လာ (၅၀၀) ကျော်ဖြင့် ပါဝင်လှူဒါန်းခဲ့ပါသည်။
လက်ရှိနော်ဝေနိုင်ငံမှာ နေထိုင်လျှက်ရှိသော ဏင်ဃှီ့ဆိင့်ပြင်အား အသက်ရာကျော်ရှည်ပါစေ၊ စိတ်ချမ်းသာ
ကိုယ်ကျမ္မာနဲ့ အလုပ်အကိုင်မှန်သမျှအဆင်ပြေပါစေလို့ ဇွဲကပင်ပညာဒါနအသင်းမိသားစုမှဆုမွန်ကောင်းတောင်း
လိုက်ပါသည်။
TAGGED UNDER:
ခွဲါကွင်ပညာဥယာဉ်ကျောင်း (ဘားအံ) မဟာဘုံကထိန်ကျင်းပပြီးစီး
ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ကုန်း၊ ခွဲါကွင်ပညာဥယာဉ်ကျောင်းတွင် ၂၇-၁၀-၂၀၁၀ တနင်္ဂနွေနေ့ မထမကြိမ်မဟာဘုံကထိန်ပွဲတော်ပူဇော်ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ဆ ရာတော်၊ သံဃာတော်များ
အား ဘားအံမြို့ပေါ်ရှိအလှူရှင်၊ အလှူမများနှင့် ကျေးနယ်အသီးသီးမှအလှူရှင်၊ အလှူမများတက်ရောက်
ပူဇော်လှူဒါန်းခဲ့ကြပါသည်။
ထိုနောက် အောက်ပါအခမ်းအနားအစီအစဉ်များဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်…
၁. ကြွရောက်လာသော ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ (၃)
ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခြင်း
၂။ ဧည့်ပရိတ်သတ်အပေါင်းတို့က အ္စာဖါဍောဟ်မာန်နဲာကျာ်ဥတ္တမာလင်္ကာရ (ခေါဟ်အွာ) ထံ မှ ငါးပါးသီလ
ခံယူဆောက်တည်ပြီး သံဃာတော်များက ပရိတ်တရားပြန်လည်ချီးမြင့်ခြင်း
၃။ အ္စာဖါဍောဟ်မာန်နဲာကျာ်ဥတ္တမာလင်္ကာရ (ခေါဟ်အွာ)က ရောက်ရှိလာသောပရိတ်သတ်အ ပေါင်းတို့အား တရားရေအေးတိုက်ကြွေးချီးမြင့်ခြင်း
၎။ ဆရာတော်၊ သံဃတော်အပေါင်းတို့အား လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း
၅။ ပြုလုပ်ထားသောအလှူဒါနများကို ရေဆက်သွန်းချအမျှပေးဝေပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု
(၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းလိုက်ပါသည်။
အလားတူ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်ကိုယ်ကျမတက်ရောက်နိုင်သောအလှူရှင်များနှင့် ပြည်ပ
မှာရှိကြတဲ့အလှူရှင်များအားလုံး ထပ်တူထပ်မျှကုသိုလ်များရရှိခံစားနိုင်ကြပါစေလို့...ဇွဲကပင်ပညာဒါနအ
သင်းမှ ဆုမွန်ကောင်းပေးလိုက်ရပါသည်။
ခွဲါကွင်ပညာဥယာဉ်ကျောင်း ပထမကြိမ်မဟာဘုံကထိန်ကျင်းပပူဇော်ပွဲဓာတ်ပုံများ
ကထိန်အလှူပွဲတွင် လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကျေးရွာမှ အချိုပွဲအလှူရှင်များ
တစ်နှစ်ခရီးတွင် ခွဲါကွင်ပညာဥယာဉ်ကျောင်းတည်ဆောက်ပြီးစီးမှုအခြေအနေ
ခွဲါကွင်ပညာဥယာဉ်ကျောင်း၏ ပရ၀ုဏ်အနေအထား
ကျောင်းအတွက် လုပ်ငန်းတည်ဆောက်မှု
TAGGED UNDER:
နွန်ထဘူရီကျောင်း မဟာဘုံကထိန်ကျင်းပပြီးစီ
၂၄-၁၀-၂၀၁၀-ခု၊ တနင်္ဂနွေနေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ နွန်ထဘူရီ၊ ၀တ်နခွန်အင်ကျောင်းတွင် မဟာဘုံကထိန်
ပွဲတော် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။ မဟာဘုံကထိန်ပွဲတွင် ဘန်ကောက်တွင် အလုပ်လုပ်ကိုင်နေကြသော
မြန်မာနိုင်ငံမှ တိုင်းရင်းသားပေါင်း ငါးရာကျော်တက်ရောက်ပူဇော်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပရိတ်သတ်များက နွန်ထဘူရီ၊ ၀တ်နခွန်အင်ကျောင်းတွင် သီတင်းသုံးနေသောမာန်နဲာကျာ်ကုဝေ
ရထံမှ ငါးပါးသီလ၊ တရားတော်များနှင့် ရေစက်သွန်းချအမျှပေးခဲ့ကြသည်။ မာန်နဲာကျာ်ကုဝေရက ကထိန်ကြောင်း
သိကောင်းစရာနှင့် ဇွဲကပင်ပညာဒါနအသင်းရဲ့လုပ်ဆောင်ချက်များကို ရောက်ရှိလာသော ဧည့်သည်ပရိတ်သတ်
များအားရှင်းလင်းဟောပြောခဲ့ပါသည်။ ထိုနောက် ဧည့်ပရိသတ်များအား မုန့်ဟင်းခါးနှင့် ထိုင်းအစားအစာများဖြင့်
တည်းခင်းဧည့်ခံကြပါသည်။
နွန်ထဘူရီကျောင်း မဟာဘုံကထိန်ကျင်းပပုံဓာတ်ပုံများ
TAGGED UNDER:
ဇွဲကပင်ပညာဥယာဉ်ကျောင်း မထမကြိမ် မဟာဘုံကထိန်
ကျနော်တို့ ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းအရ တစ်နှစ်လျှင် (၁)ကြိမ် ကထိနကံဆောင်ပွဲခေါ် မဟာဘုံကထိန်ကိုကျင်းပ
ပူဇော်လေ့ရှိပါတယ်။ ထိုကထိန်ပွဲကို သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှစ၍ တဆောင်မုန်းလပြည့်နေ့အထိ
(၁)လတိုင်တိုင်ကျင်းပလေ့ရှိပါတယ်။
”ခွဲါကွင်ပညာ့ဆ်ုဝုံးကုံလွဲာ” ”ဇွဲကပင်ပညာဒါနအသင်း” အဖွဲ့အစည်းသည် ပြည်ပမှပညာသင်ကြားနေသောကရင်
ရဟန်းတော်များအား ပညာသင်တော်သင်ပြီးဆုံး၍ မိမိနေရာသို့ပြန်ရောက်လာလျှင် တစ်စုတဝေးတည်းပညာဖြန့်
ဝေနိုင်ရန်နှင့် အကြောင်းအားလျှော်စွာ အချင်းချင်းဆွေးနွေးဖလှယ်နိုင်ရန်ရည်ရွယ်၍ ဘားအံမြို့၊ ဇွဲကပင်ကုန်းတွင်၊
ကျောင်းတိုက်တွင် ပထမကြိမ်မဟာဘုံကထိန်ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့် အနယ်နယ်အရပ်ရပ်မှာရှိနေ
ကြတဲ့ ဇွဲကပင်ပညာဒါနအသင်းကို ကူညီလှူဒါန်းအားပေးကြတဲ့ အသင်းသူအသင်းသားများအားလုံး အသိပေး
အပ်ပါသည်။
ကျင်းပမည့်ရက် = ၂၄-၁၀-၂၀၁၀
ကျင်းပမည့်နေရာ = ဇွဲကပင်ပညာဥယာဉ်ကျောင်း၊ ဇွဲကပင်ကုန်း၊ ဘာအံမြို့၊ ကရင်ပြည်နယ်
TAGGED UNDER:
အနန္တစက္က၀ါအိုဝ် VCD
အှ်ဆံင်းလာ.ဆာ်...ကိုဝ်ဟှာဍေ...
ကဲ...ကြော်ငြာဝင်လိုက်အုန်းမယ်။ ဒီတလောပို့စ်တွေသိပ်မတင်ဖြစ်ပါနဲ့ အားလုံးသိသွားအောင် ”အနန္တစက္က၀ါအိုဝ်”
ဆိုတဲ့ vcd ကရင်ဓမ္မတေးသီချင်းခွေလေးကို မိတ်ဆက်ပေးချင်ပါတယ်။
ကရင်ဓမ္မတေး အနန္တစက္က၀ါအိုဝ် vcd
”အနန္တစက္က၀ါအိုဝ်”ဆိုတဲ့ vcd ကရင်ဓမ္မတေးသီချင်းခွေသည် ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဖွဲ့စည်းထားသော
”ဖုံသင့်ဂ်ုမီ့”အဖွဲ့က တာဝန်ယူထုတ်လုပ်ဖြန့်ချည်ထားခြင်းဖြစ်ပါတယ်။ ဒီခွေကို ထုတ်လုပ်ဖြန့်ချည်ရည်ရွယ်ချက်
က ကရင်အမျိုးသား၊ အမျိုးသမီးတို့ ကရင်လိုမေတ္တာပို့ဓမ္မတေးများနားဆင်နိုင်ရန်ဖြစ်ပါတယ်။ ပါဝင်သီဆိုသောအ
ဆိုတော်များကတော့ ခွေကာဗာကြော်ငြာမှာကြည့်လိုက်ရင် သိနိုင်ပါတယ်။
နောက်ပြီး ထိုခွေရောင်းလို့ရသောငွေသားများကို ”ဖုံသင့်ဂ်ုမီ့”အဖွဲ့အတွက်လိုအပ်သော activities များတွင်
အသုံးပြုမှာဖြစ်ပြီး အလားတူ ”ဇွဲကပင်ပညာဒါနအသင်း”အတွက် ခွဲဝေလှူဒါန်းသွားဖြစ်ပါတယ်။ ဒီ ကရင်ဓမ္မ
တေးဗွီစီဒီခွေကို ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ နွန်ထဘူရီ၊ ၀တ်နခွန်အင်ကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ မာန်နဲာ
ကျာ်ကုဝေရဆီကိုပို့ထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒီကရင်ဓမ္မတေးဗွီစီဒီခွေကို ၀ယ်ယူလှူဒါန်းပူဇော်လိုသောပုဂ္ဂိုလ်
များ အောက်ပါလိပ်စာအတိုင်း ၀ယ်ယူပူဇော်လှူဒါန်းနိုင်ပါကြောင်းသတင်းကောင်းပါးလိုက်ပါသည်။
ဝတ်နခွန်အင်ကျောင်း
နွန်ထဘူရီ
ဘန်ကောက်
ထိုင်းနိုင်ငံ
ဖုန်း = ၀၈၅၁၃၇၇၉၆၄
TAGGED UNDER:
”ခွဲါကွင်ပညာ့ဖေါဟ်ကႜိုဝ်ဘာ.”အတွက် အ၀ီစိတွင်းအလှူရှင် (စောနိုင်ဝင်း(ခ)ကျဝ်ဖါန်ဃှီ့-အမေရိကန်)
အမေရိကန်မှ အ၀ီစိတွင်းအလှူရှင် စောနိုင်ဝင်း (ခ)ကျဝ်ဖါန်ဃှီ့
ဇွဲကပင်ပညာဒါနအသင်းသည် လွန်ခဲ့သောနှစ်ကစပြီး ပြည်ပပညာတော်သင်ကရင်ရဟန်းများ အမိကရင်
ပြည်နယ်သို့ ပြန်ရောက်သောအခါ အများအကျိုးပြုတဲ့ပညာရပ်များ အတူတကွပြန်လည်ဖြန့်ဝေနိုင်အောင်၊
လက်တွဲနိုင်အောင်ဆိုပြီး ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ”ခွဲါကွင်ပညာ့ဖေါဟ်ကႜိုဝ်ဘာ.” ”ဇွဲကပင်
ပညာဥယာဉ်ကျောင်း”အမည်ဖြင့် ကျောင်းတစ်ကျောင်းတည်ဆောက်လျှက်ရှိနေပါသည်။
ယင်းကျောင်းသည် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ကုန်းတွင် စတင်တည်ဆောက်လျှက်ရှိရာ လိုအပ်
ချက်တွေလည်း မြောက်များစွာရှိပါသည်။ ထိုတွင် ရေရရှိရေးမှာလည်း အင်မတန်အရေးကြီးတဲ့အတွက်
အခု အ၀ီစိတွင်းတူးဖေါ်လျှက်ရှိသည်။ ထိုအ၀ီစိတွင်းအတွက်ခန့်မှန်းခြေ ကျပ်ငွေ (၃၀၀၀၀၀၀) သိန်းသုံး
ဆယ်၊ အမေရိကန်ဒေါ်လာ နှစ်ထောင်နီးပါးကုန်ကျမည်။ ကံကောင်းထောက်မစွာဖြင့် အ၀ီစိရေတွင်းအတွက် အလှူဒါယကာတစ်ဦးဖြစ်ပေါ်လာ
သည့်အတွက် ကေဒီအေအတွက်ဝမ်းသာစရာပင်ဖြစ်သည်။
ထိုအလှူ့ဒါယကာမှာ မာန်နဲာကုဝေရ (နွန်ထဘူရီ)၏တူတော်မောင်ဖြစ်သော လက်ရှိအမေရိကန်မှာနေ
ထိုင်တဲ့ စောနိုင်ဝင်းဖြစ်ပါသည်။ (စောနိုင်ဝင်း၏ လက်ရှိနေထိုင်ရာအမေရိကန်လိပ်စာအတိအကျမသိ
ရသေးအတွက် ဒီနေရာမဖေါ်ပြနိုင်သေးပါ)။ ဒါကြောင့် သူ့ရဲ့အလှူဒါနအတွက် အားလုံးဝမ်းမြောက်သာ
ဓုအနုမောဒနာဖြစ်ကြပြီး စောဝင်းနိုင်တစ်ယောက်လိုရာဆန္ဒပြည့်ဝပါစေလို့....အဖွဲ့သူအဖွဲ့သားများ
အားလုံးဆုတောင်းပေးပါသည်။
TAGGED UNDER:
သြစတျေးလျမှ ဏင်ဃှီ့ဆိင့်ပြေ (နန်းထွဋ်ကျော်) ကေဒီအေအသင်းအား ကူညီလှူဒါန်း
ဇွဲကပင်ပညာဒါနအသင်းသည် ထိုင်းနိုင်ငံတွင် ပါဝင်လှူဒါန်းမှုပုံရိပ်များကိုသာ သတင်းအဖြစ်ပို့စ်တင်ခဲ့တာများသည်။
အခုနောက်ပိုင်း ပြည်ပရောက်ကရင်အမျိုးသား၊ အမျိုးသမီးများပါဝင်ကူညီလှူဒါန်းမှုများကို သင့်သလိုတင်ပြပေးသွား
မှာဖြစ်သည်။ ဒါကြောင့် သြစတျေးလျမှာရောက်ရှိနေတဲ့ ဏင်ဃှီ့ဆိင့်ပြေ (နန်းထွဋ်ကျော်)ကလည်း ဇွဲကပင်ပညာဒါ
နအသင်းအတွက် တတတ်တအားပါဝင်ကူညီရန်ပုံငွေရှာဖွေပေးခဲ့ပါသည်။ ထိုင်းနိုင်ငံမှာရှိတဲ့ အဖွဲ့၏ရန်ပုံငွေရရှိရေး
ထုပ်လုပ်ထားတဲ့ ”ဇွဲကပင်အင်္ကျီ” အထည် (၁၀၀) ဘတ်ငွေ (၁၀၀၀၀) တစ်သောင်းနှုံးဖြင့် ၀ယ်ယူပြီး သြစ
တျေးလျတွင်နေထိုင်သော ကရင်များအား ပြန်လည်ရောင်းခြင်းဖြင့်ရန်ပုံငွေရှာဖွေလှူဒါန်းခဲ့ပါသည်။
ထိုမှတစ်ဆင့် သူမ၏လှူဒါန်းငွေနှင့် အင်္ကျီရောင်းရငွေအားလုံးစုစုပေါင် ဘတ်ငွေ (၁၇၀၀၀)တစ်သောင်းခုနှစ်ထောင်
ဒေါ်လာ (၅၀၀)ကျော်အားပေးကူညီလှူဒါန်းသွားခဲ့ပါသည်။ နန်းထွဋ်တစ်ယောက်စိတ်၏ချမ်းသာခြင်၊ကိုယ်၏ကျမ္မာခြင်း
နဲ့ပြည့်စုံရပါစေ..လို့ ကေဒီအေအဖွဲ့သူ၊ အဖွဲ့သားများအားလုံးဆုတောင်းပေးလိုက်ပါသည်။
Text Widget
Notification...!အသိပေးခြင်း...
Hello, everybody. This Blog will present news, articles, poems, religious knowledge and, culture and traditions of Karen ethnic group, etc. Regarding religious knowledge, we believe that everyone has his or her respective human rights that one can freely worship what religion he likes as well as he has a chance to undertake his or her own welfare and others’. Thus, although this KDA organization is aimed for the development of education of our Karen Monks, it will also pay attention to both our Karen national ethnic group and religious affairs, especially, for our new generation. It should be aware of that in this Blog, there will not be allowed to present news, articles photos and poems concerning the religious conflicts, usages of dispute and controversy, the facts that can make harmful to others, religious attraction, stimulating other people to convert to one’s religion and the discrimination of religion and something like that in this Chat box.{Kwekabaung Dana Association - K.D.A}
Recent Articles
မာန်နဲာဉာဏောဒယ(ခ်ုလိုဝ်) မာန်နဲာသုစိတ္တ(လာကဒေါင်)
Proudly Powered by Blogger.