1

1
TAGGED UNDER:

ပညာရေးနဲ့ ကရင်လူမျိုး

09 September 2008

ကမ္ဘာပေါ်တွင် လူမျိုးအသီးသီးတို့ဟာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘာသာစကား၊ ၀တ်စားဆင်ယင်မှု၊ ဓလေ့ရိုးရာရှိကြပါတယ်။ကိုယ်ပိုင်ဘာသာစကား၊ ယဉ်ကျေးမှုတွေဟာ ထိုလူမျိုးရဲ့ အသက်သွေးကြောသဖွယ် တည်ရှိနေပါတယ်။ဒါကြောင့် ကိုယ့်လူမျိုး ကိုယ်ဘာသာတွေကို တစ်ခြား လူမျိုးဘာသာထက် ပိုပြီးချစ်မြတ်နိုးတတ်ကြတယ်။ဒါဟာလည်း လူသားမျိုးနွယ်ရဲ့ သမိုင်းပေး သဘာဝဓလေ့တစ်ခုပါပဲ။

ကိုယ်ယဉ်ကျေးမှု၊ ဘာသာစကားတွေကို ကိုယ်က မချစ်မြတ်နိုးတတ်ရင် အဲဒီပုဂ္ဂိုလ်ဟာ ကိုယ့်လူမျိုး အစစ်ရယ်လို့ မသတ်မှတ်တော့ပါဘူး။ဘယ်သူက လာပြီးတော့လည်း ကိုယ့်ဘာသာစကား၊ ထုံးတမ်းစဉ်လာတွေကို ဂရုစိုက်ပေးမှာ မဟုတ်ပါဘူး။ကိုယ်တိုင်ပဲ ထိန်းသိမ်းချစ်မြတ်နိုးနိုင်ရပါမယ်။တစ်ချို့က ပြောတတ်ကြပါတယ်။ကိုယ့်လူမျိုးမှ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာမှ၊ကိုယ့်ယဉ်ကျေးမှုမှ၊ အစွဲကြီးတယ်လို့ ကဲ့ရဲ့တတ်ပါတယ်။

ဒါဟာ သဘာဝမကျပါဘူး။တစ်ချို့ အစွန်းရောက်သမားတွေကတော့ သဘာဝကျပါလိမ့်မယ်။"တန်ဆေး လွန်ဘေး" ဆိုတဲ့ မြန်မာစကားပုံ အတိုင်း ဘယ်ဟာမှ လွန်ရင် မကောင်းသလို တစ်အားပျော့လွန်းပြန်ရင်လည်းမကောင်းပါဘူး။ သဘာဝကျကျတွေးတော့ ဆင်ခြင်တတ်ဖို့ပဲ အရေးကြီးပါတယ်။လူတိုင်းလတိုင်းဟာ ကိုယ့်လူမျိုး၊ ဘာသာ၊ သာသနာ၊ ပညာရေး စတဲ့အရေးတွေကို သူတစ်ပါးထက် သာစေချင်၊ တိုးတက်စေချင်ကြတာချည်းပါပဲ။ဒါကြောင့် ကိုယ်တတ်နိုင်တဲ့ ဘက်က ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာကို ၀ိုင်းဝန်းချီးမြင့်တာ အပြစ်မဆိုသာပါ။လုပ်သင့်လုပ်ထိုက်တဲ့ သမိုင်းပေး တာဝန်တစ်ခုပါ။

ဒါကြောင့် ကရင်လူမျိုးဟာ "ထီ့ဆေ၀်.မှေ်ယွာ" ဆိုတဲ့ ကရင်စကားပုံအရ ဟိုးနှစ်ပေါင်းများစွာကတည်းက ဖြစ်တည်လာတဲ့ လူမျိုးပါ။ယဉ်ကျေးမှု၊ ဘာသာစကား၊ရိုရာဓလေ့ သေသေချာချာ ရှိပါတယ်။တစ်ချို့က ဘာသာစကားကွဲပေမယ့် လူမျိုးစုကတော့ တစ်ခုတည်းပါ။ဒါကြောင့် ဘယ်လိုပဲ ဖြစ်ဖြစ် တစ်ခုတည်းသော တို့လူမျိုးစုဟာ မကွဲပြားသင့်တာ အမှန်ပါ။"နွားကွဲရင် ကျားစွဲ" ဆိုတာ အားလုံး သတိထားသင့်ပါတယ်။ တို့အချင်းချင်း မညီညွတ်ရင်၊ ကွဲပြားသွားရင်၊ အသိပညာ၊ အတတ်ပညာမရှိရင်အဲဒီလူမျိုးဟာ ဘယ်တော့မှ ကြီးပွါးနိုင်မယ် မဟုတ်ပါ။

စိတ်သဘောထားချင်း မတိုက်ဆိုင်ရင် အချင်းချင်း ကူညီလိုစိတ် ရှိကြမယ် မဟုတ်ပါ။ကရင်လူမျိုးတို့ဟာ ပင်ကိုယ်စိတ်က အင်မတန်မှ ဖြူစင်ကြပါတယ်။ ရိုးသားကြိုးစာကြပါတယ်။ ဒါပေမယ့် လိုတာတစ်ခုက အသိပညာနဲ့ အတတ်ပညာပါ။လူမျိုး တစ်မျိုးရဲ့ တိုးတက်မှု စံနှုန်းဟာ ပညာရေးက ရေသောက်မြစ်ပါပဲ။ဒါကြောင့် ပညာသင်ဖို့က မပျင်းကြဖို့၊ ပညာရေးကို တန်ဖိုးထားဖို့ လိုပါလိမ့်မယ်။တို့ ကရင်လူမျိုးတွေဟာ ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ကြားဖို့ သိပ်အလေးမထားကြပါဘူး။စာရေးသူ ကိုယ်တိုင်အတွေ့အကြုံအရ ဆိုရင် မိဘတွေကိုက ပညာရေးအတွေ့အကြုံ မရှိတော့ ကိုယ့်သားသ္မီးတွေကို ဘယ်လို အားပေးကြရမှန်းမသိကြပါ။မိမိကြီးပြင်းရာ ဒေသမှာလည်း ပညာရေးစံနှုန်း မတိုးတက်တဲ့အခါကျတော့ ဒါမှမဟုတ် ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်း မပြုနိုင်တဲ့ အခြေအနေကျတော့ ပညာရေးကို တန်ဖိုးထားရမှန်း မသိကြတော့ပါဘူး။

ဒါပေမယ့် အခုတိုးတက်လာတဲ့ခေတ်မှာ ပညာရေးဟာ ဘယ်လောက်အရေးပါတယ်ဆိုတာ တော်တော်များများ နားလည်လာကြပါပြီ။ဒါဟာ အကောင်းဘက်ကို ဦးတည်လာတဲ့လက္ခဏာတစ်ခုပါ။ ဒါကြောင့် လယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ပညာရေးကို ဦးစားပေးပါ၊ အလေးထား သင်ဖို့ မမေ့လျှော့သင့်ပါ။ပညာမရှီလျှင် အသိဥာဏ်လည်း မရှိနိုင်သလို ကိုယ့်လူမျိုးတိုးတက်အောင် မစွမ်းဆောင်နိုင်ပါ။အရာရာတိုင်းမှာ ဟုတ်မဟုတ်၊ ကောင်းမကောင်း၊ လုပ်သင့်မလုပ်သင့်၊ မှန်မမှန် မဆင်ခြင်မတွေးတောတတ်လျှင် ဆုတ်ယုတ်ဖို့သာ များနေတယ်။အလုပ်တစ်ခုကို အောင်အောင်မြင်မြင် ထွန်းထွန်းပေါက်ပေါက်ဖြစ်ချင်ရင် အဖွဲ့အစည်း သို့မဟုတ် ပညာရှင်အသိုင်းအ၀ိုင်း ရှိဖို့လိုအပ်ပါတယ်။ ဒါမှမဟုတ်ရင် "အကွပ်မရှိတဲ့ ကြမ်း ပရမ်းပတာ "ဆိုတဲ့ မြန်မှာ စကားပုံလို ခိုင်ခိုင်မာမာ ထောက်ပံ့မှု မရှိရင် ပရမ်းပတာ ဖြစ်နေမှာပဲ။တို့ကရင်တွေဟာ တစ်ချို့က ပိုက်ဆံရှိကြပါတယ်။ဒါပေမယ့် တန်ဖိုးရှိတဲ့ ပညာရေးထောက်ပံ့မှုမျိုးလို မသုံးကြပဲ ဘာမှ ဘ၀အတွက်အကျိုးမရှိတဲ့နေရာမျိုးမှာ သုံးလိုက်တာပဲ။

ဒီလိုပြောတာက မနာလိုလို့ ပြောတာမဟုတ်ပါ။ သူတစ်ပါးလည်း အကျိုးရှိ၊ မိမိမှာလည်း အကျိုးရှိတဲ့ နေရာမျိုးမှာ ရွေးချယ်တတ်တဲ့ အမြင်ရှိစေချင်လို့ပါ။တစ်ချို့ကျတော့လည်း အသက်ကြီးလာမှ၊ ဒါမှမဟုတ် သူတစ်နိုင်ငံတိုးတက်မှုတွေဟာ ပညာရေးနဲ့တည်ဆောက်ထားပါလားလို့ သိလာကြတယ်။ဘာပဲဖြစ်ဖြစ် တို့ကရင်တွေဟာ တို့လူမျိုးရဲ့စာပေ၊ အနုပညာ အတတ်ပညာ၊ ယဉ်ကျေးမှု စတဲ့ ဓလေ့တွေကို ပညာရေးနဲ့ အဆင့်မှီအောင် တည်ဆောက်နိုင်ရမယ်။ ကရင်လူမျိုးအားလုံး ပညာသင်ဖို့ မပျင်းပါနဲ့။ ကိုယ့်လူမျိုးတွေကို ချစ်ခင်မြတ်နိုးတတ်ပါစေ။ ကိုယ့်စာပေ ယဉ်ကျေးမှုတွေကို တန်ဖိုးထားတတ်ပါစေ။

ငါ့စာဖတ်၍ မမြတ်တိုင်စေ၊ မရှုံးစေသား
ပျင်းပြေနှစ်ခြိုက် တစ်ပုဒ်တစ်လေ၊ ပါငြားပေမူ
စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ။
စာဖတ်သူ့ပေါ် ခေါင်းကိုကျောက်၍
ငါသော်ဆရာ မလုပ်ပါတည်း။

တက္ကလိုလ် ဘုန်းနိုင်ရဲ့ စာပေအဓိဌာန်နဲ့ နိဂုံးချုပ်လိုက်ပါရစေ။

စောအောင်ဟိန်း (ဘားအံ-ကိုကူး)

TAGGED UNDER:

ဆိုဒ်ဆတၞိုင့် ဟှးသးအေခိုင့်

ဖတ်ရှုနိုင်သော ကရင်ကဗျာများ

ဆိုဒ်ဆတၞိုင့် ဟှးသးအေခိုင့်

၁။ စှ်သာလုက်ခေႜ ထီ့ခါန်ပြေဏှ်၊
ဖံင်ဖေႜ္ဘးသာ ကုက်ကိုဝ်ဟှာလှ်။
ဟှေဝ်အွာဆိုဒ်ဆ ဖံင်ဖေႜ၀်္ဘးဏှ်
ဏေ၀.်္ဘးလ်ုဖိုင့် ဖံင်းအေခိုင့်ဟှဟ်။
ပ်ုလိုင့်အးဖႜံင် အေဍးခံင်ဍ၀်
လံင့်ကံင်ကိုဝ်္ဘႜင် ခိုဝ်ပ်ုဍင်လ။
ဃှူဃှင်မူးခွါ့ မွဲာတုင်.ဆာ့ခ၀့်
လ်ုယာ့တ်ာခေါဟ် ဆိုဒ်ဖႜုံဖေါဟ်သီး
ပါဍောဟ်ယုဂ်ယာန်း္ဘးတုင်ယှင်းလှ်။
မူ.ထင်းလေင်.၀၀် ထာင်အးထ၀်ဏှ်
ဆေ၀်ယှဝ်.၀ါဖႜင် လ်ုမုဂ်ဍင်ဏှ်
ဖိုင့်ဃှင်ဖံင်းထး အေခိုင့်ဟှဟ်။

၂။ အှ်ပါမုက်ကိုဲ မာလာ ဃှေဝ်ဟှဟ်
လုက်ခေႜစှ်သာ လိက်ဟှေဝ်အွာအှ်
အးဖါအးစိင် ထံင်လုက်ကႜိင်ဏှ်
ကိုဝ်မိင်မာလောဟ် သှေ်အေဍောဟ်ထ၀့်
တ်ာခေါဟ်ဍုဂ်ပါင် ဖႜံင်အးစိုင်ယ၀့်။
္ဘုဂ်ယာင်မိင်ဖႜဟ် ပညာ့ အှ်ဍ၀်

ယှူး္ဘှ်ဍေကျိုင် ဆ်ုဟှယ့်ပြိုင့်သီး
ဖႜံင့္နဳိင္အးဆင့္ ဖႜာဲသယ္ဃွင့္အး
ဍုံဌာန့်ဆ်ုမာ ဆိုဒ်ဟှင်.ခႜာခ၀့်
ထ႟ာေဖွ္ကဲ ဖႜံင့္ဟွးဖႜဲယ၀့္
ဍုဂ်ဏဲလ၀်လင် ပညာ့ဖါန်ဏှ်
အး္ဘႜင်ဖံင်းထး ကိုဝ်ဖိုင့်ဟှဟ်။

၃။္ဘှ််လာ.ထုက်သဲို့ အင်းကုဂ်ဃှဲိုဏှ်
ဍောဟ်ပြေဖုက်ကႜံင် သြုက်ထံင်သီး
ပ္တံင်တာင်ဝယ် ကဲဖုက်ဖယ်လှ်။
ကးဟှယ်လ်ုဖႜဟ်္ဘေ့သာအှ်ဍ၀်
ဍောဟ်ထ၀့်ဆ်ုမာ ဆိုဒ်ဟှာင်.ခႜ္ဘာ၀့်
ဟှေဝ်အွာကိုဝ်စာင် တာင်ဍုဂ်ပါင်ယ၀့်
လေ၀်ထာင်လ်ုကး ထီသိုဝ်အးလ၀်
ဆ်ုဍးအဲကဲု္ဘေ့ဖေါဟ်လီဟှဟ်
သီ့ကႜီယောဝ်.ဆိုင် လ်ုလုက်ုလိုင်ဏယ့်
လုက်ဖိုင်မိင်ဖႜဟ် ယှူး္ဘှ်ကိုဝ်္ဘႜင်
ထုက်ကောဝ်ကြင်လှ် သာယင်သံင်းထ
လ၀်ဟှိုင့်လှ်။

(စ၀်အဲဆိုဒ်)



ယု

ယ်ုဏင့်ဆာ. ယ်ုအဲဟှးဟှဝ်၊
ယ်ုဆိုဒ်ဏှ် ယ်ုအဲဝေ့ဍ၀်၊
ယ်ုထူရူ့ ယ်ုအဲတ၀်တ၀်၊
ယ်ုဆ်ုခႜာင် ယ်ုအဲယ်ုလ၀်၊
ယ်ုလိက်ဏှ် ယ်ုအဲယ်ုပ၀်.၊
ယ်ုထီ့ခါန်. ယ်ုအဲလုက်က၀်၊
ယ်ုထီသိုဝ် ယ်ုအ‎ဲသၞ၀့်။

ဏင့်ဆာ.- ဆိုဒ်- ထူရူ- ဆ်ုခႜာင်၊
လိက်-ထီ့ခါန်.-ထီသိုဝ် နိုဲစာင်၊
ဟ်ုမာဆိုင်္ဘေ့မ်ုဍုဂ်ပါင်၊
ပညာ့ဃှေံ ဏှ် ဟု္ဘးကႜာင်၊
ဆံင်းမံင်းထာင် စှ်ဆံင်းမံင်းထာင်၊
စှ်ဆံင့်မံင်း ယောဝ်လာ.အေယာင်၊
္ဘးဍံင်ဟ်ုထင်း ခေါဟ်လံင်္ဘႜာင်၊
ခေါဟ်လံင်ဍောဟ် အှ်ဝေ့နိုဲစာင်၊
ထင်းထံင်ဍင်ဍီး ဍးစိုဝ်ယာင်။

´ဆ်ုယ၀်ခါ့´
ဆ်ုယ၀်ခါ့ခေါဝ်.အုဂ်၊
ခေါဝ်.သိုဲ့ထင်းဟ်ုလံင်္ဘုဂ်၊
လီဟွယ့္ပ် သူးသူး၊
လင်အှ်ကွယ် သိင်းလာယှူး၊
သင့်၀၀်ဖေါဟ် ဟှင်းကိုဝ်၊
လ်ုသိင်းခီ့ ယ်ုဟှိုင့်စိုဝ်၊
ကႜင်ကႜာင်းဖ၀့်္ဘင်ဖါင်း၊
နိုင်မိုင့်ထင်း ဟ်ုသာစာင်း၊
က်ုတုဂ်စိုဲ ဟ်ုစာ်၊
ထီ့လ်ုအှ် ကၞာ့သာ်၊
ယးအှ်ကုံ လ်ုနံင်း၊
မႝီဟ်သီး လင်အင်းကံင်း၊
ဍောဟ်အင်းခႜံင် ခွိက်ယှး၊
ဆင်းသြုဂ် အင်းခွယ်ပျ၊
ဆေ၀်ဍေဖႜာင် သာအင်း၊
သီ့လင်ထုက် ယး္ဘးယှင်း။


မာလုက်ဝယ်

ဖႜုံဖေါဟ်လ်ုဝီ.
ထုင်းလီ.ထုင်းထာင်
အးစာင္အးဖႜဳံ
လ်ုကံင်.ဆ်ုမာ
လုက်ခႜာလင်္ဘိုင်
ဍးလိုင်လ်ုယ၀့်
ပ၀်.သ၀့်ထၝံင့်
လံင့်ကံင်လုက်ခေႜ
လ်ုကေ၀်ဍေလိက်
လင်္ဘိက်လုဂ်ခႜာ ဏိင်းလ်ုယာ။
ပု္ဘိုဝ်ဏါင်းယိုဝ်
ဍးစိုဝ်လင်.ခါင့်
သာဟှာင့်စွးတယ်
ဖုက်ဖယ်ဏံင်သာ
ဆ်ုမာပ္တံင်
ကေ၀်ဟှံင်လိက်လဲာ
တ်ုကႜယ်ဍောဟ်လင် ဃှူ့ဃှင်မာလောဟ်ဖႜုံယှင်ဖေါဟ်။

ဖံင်းပႝာ.မိင်

ဖံင်းပႝာ.မိင် မ်ုလောဟ်ကိုဲ
ဖေါဟ်သးကိုဝ်ဟှာဍေ။
အှ်ကုံထောဝ်ခါင့်မွဲာဝှ၀ှ၊
ကုိ၀္ဟွာခါခႜိက္ပ်။
စာင်းလင့်ဝေ့ဖ၀်.ဍေမ်ုဖံင်း
ဖေါဟ်သးယှောတ်မေံကံင်း။
သ၀့်မာတယ်ဝေ့ ပီပူပါ၊
ကျုဂ်လေံ ဍေကိုဝ်ယှာ။
ဖေါဟ်သးဟှင်ပေ၀့်ဟှာင်လ်ုထိုင့်
ကျုဂ်လေံပါကိုဝ်ဖိုင့်။
ဖေါဟ်သးလုက်ဆိင့်္ဘးထုင်ကျာ
ထီ့ဖါ.ကျုဂ်လင်သာ။
နိုင်ဖ၀်.နိုင်ဖ၀်.ဍေဖ်ုအ၀်
ကိုဝ်ပါင်သုဂ်ယှဝ်ယှဝ်။

TAGGED UNDER:

ကံညာဏ်ဝီရိယကိုဗဟိုပြု၍

စာရေးသူမှာ ကံတရား ညာဏ်စွမ်းအားသိပ်ကောင်းနေသူတစ်ယောက်မဟုတ်ပါ၊
ဝီရိယရော လို့မေးရင် ၀ီရိယလည်းသာမန်ပါပဲ၊ သို့သော် စာရေးသူသည်
ဘာပဲလုပ်လုပ် ကံညာဏ်ဝီရိယ သုံးမျိုးကိုတော့ ယုံကြည်စွာ
အချိုးကျအောင်ပြုလုပ်လေ့ရှိသည်၊ ကံမကောင်းရကောင်းလား ဟု
ကံကိုအပြစ်တင် ကံကိုယိုးမယ်ဖွဲ့သူတစ်ယောက်မဟုတ်ပါ၊
ကံတရားဆိုသည်မှာ ကိုယ်တိုင်ပြုလုပ်တဲ့ ကောင်းသောစေတနာ၊
ယုတ်သောစေတနာတွေရဲ့ အကျိုးဆက်တွေဖြစ်တယ်၊ ထိုကောင်းသော၊
ယုတ်သောစေတနာရဲ့အကျိုးသည် ဤဘ၀တွင်ပြုလုပ်တာလည်းဖြစ်နိုင်သည်၊
ဟိုအရင်ဘ၀များစွာက ပြုလုပ်ခဲ့တာလည်းဖြစ်နိုင်သည်၊ ထိုသို့ပြုလုပ်ရာတွင်လည်း
သိသိကြီးနဲ့ပြုလုပ်ရတာမျိုးရှိသလို မသိလို့အမှတ်တမဲ့ပြုလုပ်မိတာမျိုးလည်း ရှိသည်၊
မည်သို့ပင်ဖြစ်စေကာမူ ကောင်းတာဖြစ်စေ၊ မကောင်းတာဖြစ်စေ မိမိပြုလုပ်နေဆဲခဏမှာ
ဖြစ်ပေါ်လာသော စိတ်အားထက်သန်မှုအပေါ်မှာ မူတည်ပြီး အကျိုးပေးနေတာဖြစ်ပါတယ်၊
ကံညာဏ်မကောင်းလို့ တစ်စုံတစ်ခုကို အပြစ်တင်နေမယ့်အစား လက်ရှိမိမိအလုပ်အပေါ်မှာ
ကောင်း မကောင်းဆိုတာညာဏ်ကလေးနဲ့ဆင်ခြင်ကာ ၀ီရိယအားစိုက်ထုတ်ပြီးတော့ ပြုလုပ်ဆောင်ရွက်နိုင်ရမှာဖြစ်ပါတယ်၊
ကံကောင်းခြင်းလက်ဆောင်ဆိုတာ

အဲဒီမိမိကိုယ်တိုင် အသိညာဏ်ဝီရိယတွေနဲ့ ပြုလုပ်တဲ့ ဘ၀ရဲ့လုပ်အားခပဲဖြစ်ပါတယ်၊
ငယ်ငယ်က ဆရာသမားတွေပြောပြတဲ့ ငါးသုံးကောင်ရဲ့ဝတ္ထုတစ်ပုဒ် အကြောင်းကို စားဖတ်သူများအား ပြောပြလိုပါတယ်၊
ပထမငါးတစ်ကောင်က ကံကိုပဲယုံတယ်၊ ဒုတိယတစ်ကောင်ကတော့ ၀ီရိယကိုပဲယုံတယ်၊ နောက်ဆုံးတတိယငါးတစ်ကောင်ကျတော့
ကံ၊ညာဏ်၊ ၀ီရိယသုံးမျိုးလုးံကိုယုံသတဲ့၊ တစ်နေ့သောအခါ အဲဒီငါးသုံးကောင်လုံးဟာ တံငါသည်တစ်ယောက်ရဲ့ ပိုက်ကွန်နဲ့မိသွားပါတယ်၊
တံငါသည်က ငါးသုံးကောင်ကို လှေနဲ့တင်ပြီး အိမ်ကိုပြန်လာပါတယ်၊ အဲဒီအချိန်မှာ ငါးသုံးကောင်က အချင်းချင်းပြောကြတယ်၊
တံငါသည်က အိမ်ရောက်ရင် ငါတို့ကို သတ်ပြီးချက်စားတော့မယ် အခုချိန်မှာ ငါတို့သုံးကောင် ဒီလှေပေါ်ကနေ ရေထဲခုန်ချရင်
ငါတို့အသက်ချမ်းသာရာရမယ်ပေါ့၊ ကံကိုယုံတဲ့ငါးတစ်ကောင်ကပြောလိုက်တယ်- ငါတော့ ငါ့ကံနဲ့ငါပဲ ငါ့ကိုသနားလို့
ရေထဲပြန်လွတ်ရင် ငါ့အသက်ရှင်နိုင်မယ် လို့ပြောတယ်၊ ဒုတိယ ၀ီရိယကိုယုံကြည်တဲ့ငါးတစ်ကောင်ကတော့ ပိုက်ကွန်တွင်းကနေပြီး တတုန်းတုန်းနဲ့ ၀ီရိယကိုပဲအားကိုးပြီး ခုန်နေပါတယ်၊ တံငါသည်က သူ့ကို အမြင်ကပ်တာနဲ့ လှေထဲမှာပဲ ထုသတ်လိုက်ပါတယ်၊
ကံ၊ညာဏ်၊၀ီရိယ သုံးမျိုးစလုံးကို ယုံကြည်တဲ့ငါးကတော့ အခြေနေနဲ့အချိန်ခါကို ကြည့်ပြီးတော့သုံးသပ်ပါတယ်၊ ငါ့ထိုက်နဲ့ငါ့ကံပဲဆိုရင်တော့
တံငါသည်ငါ့ကို သတ်စားမှာ၊ တတုန်းတုန်းခုန်နေရင်လည်း အထုသတ်ခံနေရမယ်ဆိုပြီး တံငါသည်ရဲ့ အလစ်ကိုစောင့်နေပါတယ်၊
တိုတိုပြောရရင် တံငါသည်က ပိုက်ကွန်ကို အမမှာ ရေထဲကိုခုန်ချပြီး နောက်ဆုံး ကံ၊ ညာဏ်၊၀ီရိယသုံးမျိုးလုံးကို ယုံတဲ့ငါးက လွတ်မြောက်သွားပါသတဲ့။-
ပုံပြင်ထဲကငါးသုံးကောင်လိုပါပဲ လူတွေဟာ လောဘ၊ဒေါသ၊ မာန်မာနပိုက်ကွန်ထဲမှာ ပိတ်လှောင်ခံနေရတဲ့ သံသရာခရီးသွားတွေဖြစ်ပါတယ်၊
ကံ၊ညာဏ်၊၀ီရိယ သုံးပါးလုံးကို လက်ကိုင်ထားပြီး ဘ၀ခရီးရှည်ကြီးကိုလျှောက်လှမ်းရမှာဖြစ်ပါတယ်။ ဘာပဲလုပ်လုပ်၊ ညာဏ်ကတုတ်ဖြင့်၊
ပဲ့ကိုင်လုပ်၍၊ သမုဒ်အဏ္ဏ၀ါ၊ သံသရာခရီး၊ ပင်လယ်ကြီးကို၊ စိတ်ကြီးမ၀င်၊ ဘ၀င်မမောက်ပဲ၊ ကိုယ့်လိုရာခရီးကို ရောက်အောင်
လျှောက်လှမ်းနိုင်ပါစေ-လို့ ဆန္ဒပြုရင်း--။

စောနေမျိုး

TAGGED UNDER:

ပြိုင်ဖက်ကင်းသောအလှူ့ရှင်များ

လေညင်းကလေးမှသည် လေမုန်တိုင်းကြီးဖြစ်လာနိုင်သည်၊ မိုးစက်ကလေးမှသည် ရွားသွန်းသောမိုးကြီးဖြစ်လာနိုင်သည်၊ နှင်းစက်ကလေးလည်း နှင်းတောင်တန်းကြီးဖြစ်လာနိုင်သည်။
တစ်ချိန်က တောရွာကလေးသည် အခုလူစည်ကားနေတဲ့မြို့ပြ ဖြစ်လာသည်၊ ဒါပေမယ့်
သူက တစ်ချိန်တုန်းက ရွာကလေးပေါ့၊ လူဆိုတာလဲ တစ်ယောက်ကနေ များပြားလာပြီး မိသားစု၊ အဖွဲ့အစည်းဆိုတာ အလိုလိုပေါ်လာခဲ့ရသည်၊
ဘူဘ၀ဆိုတာ ပန်းမွေ့ရာမဟုတ်ပါ အခက်ခဲများစွာကို ရင်ဆိုင်တိုက်ခိုက်
ထိုးဖောက်ပြီး အောင်မြင်တဲ့လမ်း အောင်မြင်တဲ့ဘ၀သို့ အရောက်လှမ်းခဲ့ရခြင်းသည်
ဓမ္မတာပင် မဟုတ်ပါလား၊
ခက်ခဲကြမ်းတမ်းတဲ့ ဘ၀ခရီးကို ကျော်လွှားအောင်နိုင်သူများကို လူစွမ်းကောင်းဟု သမုတ်ခေါ်ဝေါ်ကြသည်။ ဘယ်လိုအခက်ခဲမျိုးမဆို နောက်မဆုတ်၊ ဒူးမတုံ့ ရဲရဲရင်ဆိုင်ကျော်လွှားနိုင်ရမယ်လို့ သန္ဓိဋ္ဌာန်ချထားပြီး ရှေ့ခရီးဆုံးပန်းတိုင်သို့ ခြေလှမ်းပြင်းထန်စွာ လှမ်းခဲ့သူများကား ဘယ်သူတွေပါလဲ--မေးရင်- ဤနေရာ၌ ကျွန်တော်ဆိုလိုတဲ့ ပြိုင်ဖက်ကင်းသော အလှူ့ရှင်များသာ ဖြစ်ပါတယ်။
ဘယ်အချိန်က ဒီအသင်းကြီး ဖြစ်လာလိမ့်မယ်လို့ အိပ်မက်တောင် မမက်ခဲ့ဘူးတာ အမှန်ပါ၊ ဘာကြောင့်လည်းဆိုတော့ ကြမ်းတမ်းတဲ့အခက်ခဲများစွာ ကျော်ဖြတ်ရမှာကို ကြိုပြီး စိုးရိမ်နေလို့ပါ၊ အခက်ခဲများစွာ ရှိခဲ့ငြားသော်လည်း ပြိုင်ဖက်ကင်းတဲ့ အလှူ့ရှင်များက ကြမ်းတမ်းတဲ့ အခက်ခဲများစွာကို ပဓာနမထားပဲ အောင်မြင်မှုလမ်းကြောင်းမှန်၊ ရည်ရွယ်ချက်မှန်ကန်စွာဖြင့် ဦးတည်နေပါတယ်။
လေမုန်တိုင်းပြီးတဲ့နောက်မှာ လေညင်းကလေးက အလိုအလျောက်ပါလာသလို အခက်ခဲတွေ ပြီးဆုံးပြီးနောက် အောင်မြင်မှုကလည်း ပါလာစမြဲပါပဲ၊
-အနာခံမှ အသာစံရ-ဆိုသလို ဒုက္ခဆင်းရဲပြီးရင် ချမ်းသာသုခ ရောက်လာရခြင်းသည် သဘာဝပင်ဖြစ်သည်။ အသင်းအဖွဲ့အစည်းအတွက် ပြိုင်ဖက်ကင်းတဲ့ အလှူ့ရှင်များက ဘယ်လောက်အောင်မြင်တယ်ဆိုတာ မှန်းဆရင်သိနိုင်ပါတယ်၊ အောင်မြင်ချင်တဲ့စိတ်၊ မွန်မြတ်တဲ့စိတ်ဓာတ်က သူတို့ရဲ့ရင်ထဲမှာ ကိန်းဝပ်နေပြီးသားဖြစ်ပါတယ်၊
အနာထပိဏ်သူဋ္ဌေးသည် မြတ်စွာဘုရားသာသနာတော်ကို မွန်မြတ်သော စေတနာသုံးတန်ဖြင့် ငါးဆယ်လေးကုဋေသော အသပြာငွေများကို အကုန်ကျခံကာ ဇေတ၀န်ကျောင်းတော်ကို ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်၊ အနာထပိဏ်သူဋ္ဌေးကြီးသည် မြတ်စွာဘုရားကျောင်းတော်သို့
တစ်နေ့သုံးကြိမ် လှူစရာဝတ္ထုပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ပါတယ်။
နံနက်ဆွမ်းမစားမှီ စောစောတစ်ကြိမ် ကျောင်းတော်သို့ သွားတဲ့အခါ ယာဂု၊ခဲဘွယ်၊ ဘောဇဉ်၊ ချိုချည်များလှူဒါန်းတယ်၊ ဆွမ်းဘုဉ်းပေးပြီးနောက် နေ့လည်တစ်ကြိမ် ထောပတ်ဆီဦး၊ ပျား၊သကာ၊ အဖျော်ယမကာ စသည်များကို လှူဒါန်းပြီး၊ ညနေချမ်းတစ်ကြိမ် သွားတဲ့အခါမှာတော့ နံ့သာ၊
ပန်းမာလာများကို ဆက်ကပ်လှူဒါန်းပါတယ်။
အခန့်မသင့်လို့ အိမ်မှာ လှူဒါန်းဖွယ်ရာများ မရှိတာတောင်မှ သဲတွေကျုံးယူပြီး
မြတ်စွာဘုရားကျောင်းတော်ရဲ့ ပရိဝုဏ်ကို သဲခင်းပြီး ကုသိုလ်ပြုခဲ့ပါတယ်၊ ထို့ပြင် နံနက်တိုင်း သံဃာအပါးငါးရာကိုလည်း အမြဲမပြတ်ဆွမ်းလှူဒါန်းခဲ့ပါတယ်။
အနာထပိဏ်သူဋ္ဌေးသည် သဒ္ဓါတရားကောင်းသည်၊ လှူဒါန်းစရာပစ္စည်းလည်း ပေါသည်၊ အချိန်မရွေး မြတ်စွာဘုရားကျောင်းတော်သို့ အခက်အခဲမရှိပဲ လွယ်ကူစွာလည်း သွားရောက်လှူဒါန်းနိုင်သည်။
အခုပြိုင်ဖက်ကင်းတဲ့ အလှူ့ရှင်များကလည်း သဒ္ဓါတရားပြည့်ဝတယ်၊ အချိန်မရွေး အနာထပိဏ်သူဋ္ဌေးကြီးကဲ့သို့ ကျောင်းတော်သို့ သွားရန်မလွယ်ကူသော်လည်း ရတဲ့အခွင့်ရေးလေး၊ ရတဲ့အချိန်ရဲ့တန်ဖိုးလေးကို ကျောင်းတော်သို့ သွားရောက်ပြီး မိမိတို့ တတ်နိုင်ရာလှူဒါန်းဘွယ်ရာများကို သဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်း နေကြပါတယ်။
အနာထပိဏ်သူဋ္ဌေးကြီးရဲ့ သဒ္ဓါတရားနဲ့ ပြိုင်ဖက်ကင်းတဲ့ အလှူ့ရှင်များ သဒ္ဓါတရား ဘယ်သူ့သဒ္ဓါတရားက ပိုထက်သန်သလဲဆိုတာကို နှိုင်းယှဉ်ရန် မ၀ံ့သော်လည်း ပြိုင်ဖက်ကင်းတဲ့ အလှူ့ရှင်များ တည်ရှိသရွေ့ ဤ ဇွဲကပင်ဒါနအသင်း ကြီးသည်လည်း ဆက်လက်ရှင်သန်တည်တံ့နေပြီး မိမိအကျိုး သူတစ်ပါးအကျိုးကို အောင်မြင်စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။
ဘာကြောင့်လည်းဆိုတော့ ပြိုင်ဖက်ကင်းတဲ့ အလှူ့ရှင်များက သူတို့ရဲ့ဘ၀ကို ဇွဲကပင်ဒါနအသင်း အတွက် ပေးဆပ်နေများလို့ စိတ်ထဲမှာ ဆုံးဖြတ်ထားလို့ပဲဖြစ်ပါတယ်။
မှတ်ချက်- ပြိုက်ဖက်ကင်းတဲ့ ဇွဲကပင်ဒါနအသင်း ရဲ့ အလှူ့ရှင်များကို ဂုဏ်ပြုရေးသားပါသည်။
ကျာ်သြီ့ထင်းထ၀့် ဍုဂ်ပါင်လာ.ဝေံ ကိုဝ်ဟှာဍေဆာ်။
အှ်ဆံင်းလာ.ဆာ်။
ဖိုးခွားလေး(လွမ်းမပြေ)

TAGGED UNDER:

Be beautiful as you are, KDA

The members of KDA in the one of offering ceremonies are beautiful with T-shirt each.

from now on, we product more colors of T-shirt.
At first we did only white and yellow with four kinds of sizes.
Now we have tried to product black,pink and other regarding with customers desire.
It will be the best for our fund.Now The quantity is over 5ooo. KDA have many ways to make fund but will continue step by step and The functions of KDA aslo will arrange on account of giving advices.The flowers of kda will bloom in near future.




TAGGED UNDER:

KDA T-shirt

ခွဲါက်ုဘောင် ထုဂ်ထင်းဆာင့် အင်းဃှူ့စေ၀်ပ်ုကုံ လ်ုဏိင်းယိုဝ်ထင်းထ၀်ဍုဂ်ပါင်ဍောဟ်မာဆေ၀်လ၀့်။

ထံင်.၈.၈.၂၀၀၈ မူ.ဏီဏှ် ဆာင်းအ်ုဗိင်းပါင်ထင်း ၄၅၀၀ဆေ၀်.ယုဂ်၊ ပ်ုကုံလွဲာဝေ့ ဃှူ့ဃှူ့ဃှင်ဃှင်
ကုက်မာကိုဝ်ဟှာ အ်ုခေါဟ်ကျံင် ဖလံင့်ဟှးဝေ့ဍးဗေ့ယိုဝ်ဆေ၀်လှ်။ ကေခါင့်ကေလးခိုတ်သီး ဗေ့ယိုဝ်လ်ုကါ ထင်းထ၀့်စီကြာကဲလာဆ်ာဏှ် ယ်ုရာဓနာဗးဆေ၀်လှ်။း








TAGGED UNDER:

ကျောင်းဆောင်သစ် ရေစက်ချပွဲ

အသစ်ပြန်လည်ပြုပြင်ပြီးမြောက်ခြင်း ရေစက်ချပွဲ အခမ်းအနားကို ၃၊၈၊၂၀၀၈ နေ့မှာ Wat Natkorn-in,Nonthaburiမှာ ကျင်းပခဲ့ပါတယ်။

ထိုင်းသံဃာ(၂၀)နှင့် ကရင်သံဃာ(၆)ပါး ကြွရောက်ကြပြီး ပရိသတ်(၁၅၀)လောက် တက်ရောက်ခဲ့ကြတယ်။ ကျောင်းဆောင်ရဲ့ အခင်းနှင့်ဆေးသုတ်ခြင်းလုပ်ငန်းများကို အများကစုပေါင်း လှူဒါန်းကြတာဖြစ်ပါတယ်။ ဇွဲကပင်အင်အားရဲ့ တစိတ်တဒေသစုပေါင်းကုသိုလ်အဖြစ် မှတ်ယူနိုင်ပါတယ်။





Text Widget

Notification...!အသိပေးခြင်း...

Hello, everybody. This Blog will present news, articles, poems, religious knowledge and, culture and traditions of Karen ethnic group, etc. Regarding religious knowledge, we believe that everyone has his or her respective human rights that one can freely worship what religion he likes as well as he has a chance to undertake his or her own welfare and others’. Thus, although this KDA organization is aimed for the development of education of our Karen Monks, it will also pay attention to both our Karen national ethnic group and religious affairs, especially, for our new generation. It should be aware of that in this Blog, there will not be allowed to present news, articles photos and poems concerning the religious conflicts, usages of dispute and controversy, the facts that can make harmful to others, religious attraction, stimulating other people to convert to one’s religion and the discrimination of religion and something like that in this Chat box.{Kwekabaung Dana Association - K.D.A}

Recent Articles

မာန်နဲာဉာဏောဒယ(ခ်ုလိုဝ်) မာန်နဲာသုစိတ္တ(လာကဒေါင်)
Proudly Powered by Blogger.