1

1
Showing posts with label photo. Show all posts
Showing posts with label photo. Show all posts
TAGGED UNDER: ,

(18)ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း ကြိုတင်ညှိနှိုင်းအစည်းအဝေး

(18)ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအစည်းအဝေးကို (၁၉-၁-၂၀၁၄) တနင်္ဂနွေနေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်၊
နွန်ထဘူရီ၊ ၀တ်နခေါင်အင်ကျောင်းတွင် ကျင်းပမည်ဖြစ်ပါသည်။ ၎င်းအစည်းအဝေးဖြစ်မြောက်ရေးအတွက် ကြို
တင်ညှိနှိုင်းအစည်းအဝေးကို (၅-၁-၂၀၁၄) တနင်္ဂနွေနေ့တွင် ပြုလုပ်ခဲ့ပြီး ကျွေးမွေးဧည့်ခံရေးအတွက် တာဝန်ယူ
မည့်အလှူရှင်များကို စာရင်းပေးမှတ်သားခဲ့ကြပါသည်။

ကြိုတင်ညှိနှိုင်းအစည်းအဝေးတွင် သွားရေးလာရေးခက်ခဲမှုကြောင့် အရေးကြီးတဲ့ပုဂ္ဂိုလ်များသာလာရောက်ကြ
ပါသည်။ (၁၉-၁-၂၀၁၄) တနင်္ဂနွေနေ့ ကျင်းပမည့်အစေည်းအဝေးကို အနီးအဝေးအလှူရှင်များအားလုံးလာ
ရောက်အတူတရားနာ၊ ရေစက်ချကြွရောက်နိုင်ရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

ဇွဲကပင်ပညာဒါနအသင်း

TAGGED UNDER:

၂၇၅၃-ခုနှစ် ပြာသိုလ္ဆန်း (၁)ရက်နေ့ ကျင်းပခဲ့သောကရင်နှစ်သစ်ကူးဓာတ်ပုံများ

၂၇၅၃-ခုနှစ် ပြာသိုလ္ဆန်း (၁)ရက်နေ့ ကျင်းပခဲ့သောကရင်နှစ်သစ်ကူးပုံများကို တင်ပြလိုက်တယ်။ သတင်းတေကတော့
ဆိုက်တော်တော်များတင်ထားပြီးသားဆိုတော့ မတင်တော့ဘူးဗျာ။

ရွှေကုက္ကိုလ်မြိုင်မှ ကျင်းပခဲ့သောကရင်နှစ်သစ်ကူးပုံရိပ်များ (ဓာတ်ပုံ = မန်းမျိုးမြင့်)


TAGGED UNDER: ,

ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်း (ဘားအံ) စုပေါင်းမဟာကထိန်

ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်း (ဘားအံ) စုပေါင်းမဟာကထိန်အလှူပွဲကို ကရင်ပြည်နယ်၊ ဘားအံမြို့၊
အမှတ်(၉) ရပ်ကွက်၊ ခွယ်ကဘောင်ပပညာဥယျာဉ်ကျောင်း၌ (၁၅-၁၁-၂၀၁၃) စနေနေ့တွင် ကျင်းပပြု
လုပ်ခဲ့ပါသည်။ ထိုအလှူပွဲ၌ ၂၀၀၈-ခုနှစ်တွင် ဇွဲကပင်(ခွယ်ကဘောင်)ပညာဒါနအသင်း၏ စတင်တည်
ဆောက်ခဲ့သော "ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်း"အတွင်း တည်ဆောက်ပြီးစီးသောအုဌ်တံတိုင်း၊
သိမ်ကျောင်းဆောင်၊ သုံးထပ်ကျောင်းဆောင်တို့ပါ ရေစက်သွန်းချအမျှပေးဝေအလှူဒါနပြုခဲ့ကြပါသည်။

၎င်းဘားအံတွင် တည်ဆောက်ခဲ့သော "ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်း" သည် ဘုန်းတော်ကြီး
ပညာရေးနှင့်လောကီပညာရေး ( English Speaking, Computer Course, ကရင်စာပေ၊ ယဉ်ကျေး
မှုသင်တန်းများ) ပေါင်းစပ်ပြီး သင်ကြားပို့ချနိုင်ရန် ရေရှည်ရည်မှန်း၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။
အခုဆိုလျှင် ကျောင်းဆောင်နေရာအသင့်အတင့်ရှိလာပြီးဖြစ်၍ အထက်ပါသင်တန်းများကို နွေရာ
သီပိုင်းမှာလိုအပ်သလို တာဝန်ခံဆရာတော်နဲ့တိုင်ပင်ကာ ဖွင့်လှစ်နိုင်တော့မည်ဖြစ်သည်။ ကျန်တဲ့
ပညာရေးသင်ထောက်ကူပစ္စည်းများအတွက် လိုအပ်မှုများစွားရှိအုန်းမှာပါ။

ဒါကြောင့် ထိုကျောင်းဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းထောက်ပံ့ကူညီပေးခဲ့သောအလှူရှင်များ
မှာ အများစုထိုင်းနိုင်ငံတွင် လာရောက်အလုပ် လုပ်ကိုင်ကြတဲ့ ကရင်ပြည်နယ်အနယ်အနယ်အရပ်ရပ်မှ
ကရင်လူမျိုးတွေပဲဖြစ်ပါသည်။ နည်းများမဆို ပါဝင်လှူဒါန်းခဲ့ကြတဲ့ အလှူရှင်များအားလုံး ဒီရေစက်ချ
အလှူပွဲမှာ ထပ်တူထပ်မျှဝမ်းမြောက်ကုသိုလ်ရကြပါစေလို့ အသိပေးရေးသားလိုက်ပါသည်။

ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်း (ဘားအံ) စုပေါင်းမဟာကထိန်အလှူပွဲ ဓာတ်ပုံ

သိမ်ကျောင်းမတည်အလှူရှင်

သိမ်ကျောင်းဆောင်

သုံးထပ်ကျောင်းဆောင်

TAGGED UNDER: ,

ဇွဲကပင်ပညာဒါနအသင်း (ဘန်ကောက်) ကထိန်အလှူပွဲကျင်းပပြီးစီး

ဇွဲကပင်ပညာဒါနအသင်း (ဘန်ကောက်) စုပေါင်းမဟာဘုံကထိန်အလှူပွဲကို ထိုင်းနိုင်ငံ၊ နွန်ထဘူရီ၊ ၀တ်နခေါင်အင်
ကျောင်းတွင် (၁၀-၁၁-၂၀၁၃) တနင်္ဂနွေနေ့ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ ထိုင်းနိုင်ငံသို့ရောက်ရှိလာကြသော
အလှူရှင်၊ အလှူမများငါးရာကျော်ဖြင့်လာရောက်လှူဒါန်းခဲ့ကြပါသည်။
အခမ်းအနားအစီအစဉ်မှာအောက်ပါအတိုင်းကျင်းပပြုလုပ်ခဲ့ပါသည်....

၁။ နံနက် (၁၁)နာရီအချိန်တွင် ကြွရောက်လာကြသောသံဃာတော်များအားဆွမ်းဆက်ကပ်လှူဒါန်းကြပြီး တစ်ဆက်
တည်းမှာပဲ နွန်ထဘူရီ၊ ၀တ်နခေါင်အင်ကျောင်းဆရာတော်နှင့်တကွ သံဃာတော် (၉)ပါးအား ထိုင်းဘာသာဖြင့် က
ထိန်သင်္ကန်းလှူဒါန်းပါသည်။

၂။ ထိုနောက် (၁၂) နာရီအချိန်တွင် မြန်မာအစီအစဉ်ဖြင့်ပြုလုပ်ခဲ့ကြပါသည်။ ရှေ့ဦးစွာဧည့်ပရိတ်သတ်အပေါင်းတို့
က ရန်ကုန်တိုင်း၊ မှော်ဘီမြို့၊ ဓမ္မမာမကမဟာစည်သာသနာ့ရိပ်သာကျောင်း ဆရာတော်ဘဒ္ဒန္တအိန္ဒကထံငါးပါးသီလ
ခံယူခြင်း၊ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ တရားတော်နာယူခြင်း၊ ရေစက်သွန်းချအမျှပေးဝေခြင်း-စတဲ့အစီအ
စဉ်ဖြင့်ကျင်းပပြုလုပ်ခဲ့ပါသည်။


ဓမ္မမာမကမဟာစည်သာသနာ့ရိပ်သာကျောင်း ဆရာတော်ဘဒ္ဒန္တအိန္ဒက

အလှူပွဲမှာရရှိတဲ့ အလှူငွေအားလုံးကို (၁၆-၁၁-၂၀၁၃) တန်ဆောင်မုန်းလဆန်း (၁၄)ရက်နေ့ ကရင်ပြည်နယ်၊
ဘားအံမြို့၊ ခွယ်ကဘောင်ပညာဥယျာဉ်၏ကထိန်၊ သိမ်၊ သုံးထပ်ကျောင်းဆောင်အလှူပွဲအတွက် အသုံးပြုလှူ
ဒါန်းသွားမှာဖြစ်ပါသည်။

ဒီအလှူပွဲဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းကြသောအလှူရှင်များ၊ ၀ိုင်းဝန်းကူညီကြတဲ့ပုဂိုလ်များအားလုံးကို
ဇွဲကပင်ပညာဒါနအသင်မှ အထူးကျေးဇူးတင်ရှိပါကြောင်း ဒီနေရာကနေအသိပေးပါသည်။

ကထိန်အလှူပွဲကျင်းပဓာတ်ပုံ

Text Widget

Notification...!အသိပေးခြင်း...

Hello, everybody. This Blog will present news, articles, poems, religious knowledge and, culture and traditions of Karen ethnic group, etc. Regarding religious knowledge, we believe that everyone has his or her respective human rights that one can freely worship what religion he likes as well as he has a chance to undertake his or her own welfare and others’. Thus, although this KDA organization is aimed for the development of education of our Karen Monks, it will also pay attention to both our Karen national ethnic group and religious affairs, especially, for our new generation. It should be aware of that in this Blog, there will not be allowed to present news, articles photos and poems concerning the religious conflicts, usages of dispute and controversy, the facts that can make harmful to others, religious attraction, stimulating other people to convert to one’s religion and the discrimination of religion and something like that in this Chat box.{Kwekabaung Dana Association - K.D.A}

Recent Articles

မာန်နဲာဉာဏောဒယ(ခ်ုလိုဝ်) မာန်နဲာသုစိတ္တ(လာကဒေါင်)
Proudly Powered by Blogger.